ဒေါ်အောင်ဆန်းစုကြည်- သံတိုင်နံရံများနဲ့အကျဥ်းချခြင်းကို အသိဥာဏ်ပညာဖြင့်လွတ်မြောက်သူ
ပြင်ပကမ္ဘာထက် တိတ်ဆိတ်နေနိုင်တဲ့ အကျဥ်းကျခံ အခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝစာမျက်နှာတွေကို တစ်ရွက်ချင်းလှန်ဖတ်နေတဲ့ အသံကတော့ အကျယ်လောင်ဆုံး ဖြစ်နေမှာသေချာပါတယ်။
ပစ္စုပ္ပန်ကိုတည့်တည့်ကြည့်ပြီး ဘဝကိုနေထိုင်တယ်လို့ ပြောလေ့ရှိတဲ့ သူက အဆိုးလောကဓံ ၄ ပါးကြားမှာ အကောင်းလောကဓံ ၄ ပါးကို စာအုပ်တွေကတဆင့် သူဆက်ပြီးရှာနေနိုင်ပါတယ်။