မြန်မာစစ်တပ်ဟာ လက်ရှိမှာ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှု(Joint Operation Command) လို့ခေါ်တဲ့ ဗျူဟာကျတဲ့အမိန့်ပေးစနစ်ကို ဖြန့်ကြက်လုပ်ဆောင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်နေတယ်လို့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာတွေ သုတေသနပြုလုပ်တဲ့ MDSI အဖွဲ့က ပြောပါတယ်။ စစ်တပ်က တိုက်လေယာဉ်၊ ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီးနဲ့ ဒရုန်းတွေကို ဘယ်ဒေသတွေမှာအသုံးပြုနေလဲ။