စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေမှာ ရေတပ်အင်အားတွေလည်း ထပ်တိုးထားပါတယ်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ သံတွဲနဲ့ ဂွမြို့နယ် ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ ပိုပြီးမြင်လာရတယ်လို့ စစ်ရေးအရင်းအမြစ်နဲ့ ဒေသခံအခြေအနေသိရှိသူတွေက ပြောပါတယ်။