မဲဆွယ်စည်းရုံးရေးကာလမှာ အမတ်လောင်းတွေ လုံခြုံရေးနဲ့ မဲဆွယ်ကြမယ်လို့ ပါတီတချို့ဆီက စုံစမ်းသိရှိရပါတယ်။ စည်းရုံးမယ့်နေရာ၊ အချိန်နဲ့ လူအင်အားကို တင်ပြရမှာဖြစ်ပြီး လုံခြုံရေးချပေးမယ် လို့ပြောထားကြောင်း အမတ်လောင်းတစ်ဦးက ပြောပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမရောက်သေးပေမယ့် နိုင်ငံရေးပါတီတချို့ကလည်း မဲဆွယ်စည်းရုံးရေးသဘောဆောင်တဲ့ လှုပ်ရှားမှုတွေလုပ်နေတာ တွေ့ရတယ်လို့ လေ့လာစောင့်ကြည့်နေတဲ့ အကဲခတ်တချို့က ဝေဖန်ပြောဆိုနေကြပါတယ်။