စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်ကျော်၊ ငါးနှစ်နီးပါး ကာလအတွင်းမှာ မြန်မာနိုင်ငံထဲက လူငယ် သုံးပုံ တစ်ပုံနီးပါး (လူဦးရေငါးသန်းခန့်)ဟာ စိတ်ဖိစီးမှုတွေ ခံစားရပြီး လူငယ် ၁၀ ဦးမှာ ၄ ဦးက မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP က ထုတ်ပြန်လာပါတယ်။
စိုးရိမ်စိတ်နဲ့ မလုံခြုံမှုတွေ ခံစားနေရတာတွေဟာ မြန်မာလူငယ်အရေအတွက် သုံးပုံတစ်ပုံ (ငါးသန်းခန့်) ရှိတယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။