"CB နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှုကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ CB နဲ့ ဖြစ်စေ၊ CNF နဲ့ ဖြစ်စေ ချင်း၊ ကချင် ညီအစ်ကိုတွေ တွေ့ဆုံမှုဖြစ်သလို တော်လှန်ရေးအဖွဲ့အချင်းချင်းတွေ့ဆုံမှုဖြစ်ပါတယ်" လို့ အဲဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့အမေးကို ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဖြေပါတယ်။