ဆန်ဟာ စားစရာသက်သက်မဟုတ်ပါဘူး။ ထမင်းကို ကမ္ဘာ့လူဦးရေသန်းထောင်ချီ နေ့စဉ်စားသုံးနေကြရတာပါ။ ပြီးတော့ ဆန်နဲ့ ထမင်းဟာ ကမ္ဘာမှာ ရိုးရာယဉ်ကျေးမှုနဲ့ စီးပွားရေးတိုးတက်ရာတိုးတက်ကြောင်း ပြယုဂ်လည်းဖြစ်နေပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုနဲ့အတူ ဖြစ်လာတဲ့ဖိအားကြောင့် လူတွေ ထမင်းလျှော့စားသင့်ပါပြီလားဆိုတဲ့မေးခွန်းလည်း ထွက်လာပါတယ်။