မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ကြုံလာရတဲ့ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြားမှာ လက်ထဲငွေစက္ကူကိုင်ထားတာထက် ပိုခိုင်မာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကိုကြည့်တဲ့အခါမှာ Forex Trading ဟာ ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ “အမြတ်များများရမယ်” ဆိုတဲ့မက်လုံးနဲ့အတူ ပွန်စီ (Ponzi Scheme) နည်းလမ်းနဲ့ လိမ်လည်မှုတွေကိုပါ ကြုံလာရပါတယ်။