ငလျင်ဘေးကြောင့် အပြိုအပျက်တွေကြား ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးရသူ ရာဂဏန်းနီးပါးရှိပါတယ်။ ငလျင်သင့်လို့ မသန်းစွမ်းသူ အသစ်ဖြစ်လာတဲ့အထဲ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စင်္ကြာတောင်ဗလီထဲမှာ ဗလီတက်နေတဲ့ ဦးအာကာမင်းစိုး လည်းပါခဲ့ပါတယ်။ အကောင်းပကတိကနေ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ သူ့မှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်ခံစားနေရပါတယ်။