မြန်မာက လီဗာပူးပရိသတ်အကြီးစားတွေထဲကမှ အမရပူရမြို့က ကလေးငယ်တစ်ဦးဟာ မတ် ၂၈ ရက် ငလျင်ကြောင့် သေဆုံးခဲ့ရပါတယ်။ သူဆုံးပါးခဲ့တာ တစ်လပြည့်ဖို့ တစ်ရက်အလိုမှာ သူကြိုက်နှစ်သက်တဲ့ လီဗာပူးအသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါကို သူမြင်ခွင့်မရခဲ့ပါဘူး။ တကယ်တော့ သူတင်မကပါဘူး။ ငလျင်ဘေးသင့်လို့ မိဘတွေ ညီအစ်ကိုမောင်နှမတွေနဲ့ သူငယ်ချင်းတွေကို ထားရစ်ခဲ့ရတဲ့ ကလေးငယ် ၁၀၀ နီးပါးရှိခဲ့ပါတယ်။