ထိုင်းအစိုးရအဖွဲ့အတွင်း ကသောင်းကနင်းဖြစ်နေချိန်မှာတောင် မြန်မာတွေခိုလှုံနေထိုင်တာများတဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်သူတွေကို ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးမှုတွေရှိနေပါတယ်။ မြန်မာအများစုက တရားမဝင်နေထိုင်ကြရတာဖြစ်လို့ ဘယ်အချိန်ဖမ်းဆီးခံရမလဲဆိုတဲ့ ရတက်မအေးမှုတွေနဲ့ ကျော်ဖြတ်နေရပါတယ်။