ကိုးကန့်တပ်(MNDAA)အတွက် ကာစစ်ပြင်ဆင်ခဲ့တဲ့ စစ်ကောင်စီတပ် အင်အားတွေဟာ လားရှိုးမြို့ အလွှဲအပြောင်းအပြီးမှာ တအာင်းတပ်(TNLA)ဆီ ထိုးစစ်အဖြစ် ပြန်လာနိုင်တယ်လို့ ထောက်ပြကြပါတယ်။ TNLA ရင်ဆိုင်လာရတဲ့ စစ်ကောင်စီရဲ့စစ်ရေးဖိအား၊ တရုတ်ရဲ့ အပစ်ရပ်ခေါ်သံတွေဟာ သူ့ရဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ် အသီးသီးအပေါ် သွယ်ဝိုက်သက်ရောက်မှုတွေ ပိုတိုးလာပါတယ်။