တမြို့လုံးဝမ်းကွဲတွေတော်ပြီး မျိုးရိုးလိုက် ရှားပါးရောဂါတွေ့ရတဲ့ ဘရာဇီးက နယ်မြို့လေး
ဘရာဇီးနိုင်ငံအရှေ့ပိုင်းက မြို့ငယ်လေးမှာ ကလေးငယ်အများစုဟာ လမ်းမလျှောက်နိုင်ကြတဲ့အခြေအနေကို သိခဲ့ပြီးတဲ့နောက်မှာတော့ သိပ္ပံပညာရှင် စီဗာနာ ဆန်းတို့စ်ဟာ အကြောင်းရင်းကို ရှာပါတော့တယ်။ သူ့ရဲ့ သုတေသနကြောင့်ပဲ ကမ္ဘာမှာ မျိုးဗီဇကြောင့်ဖြစ်တဲ့ Spoan ရောဂါလက္ခဏာစုရှိတယ်ဆိုတာကို ပထမဆုံးအကြိမ် သုတေသနပြုနိုင်ခဲ့ပါတယ်။