ကေအန်န်ဂျီ

ကေအန်န်ဂျီ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၇ နာရီ က သတင်း
မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား
၁၉ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား

၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှုမကြာခဏ ဖြစ်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

ယာဉ်တိုက်ပြေးမှုတွေဟာ များသောအားဖြင့် ညနေပိုင်းအချိန်တွေနဲ့ ညမိုးချုပ် ၁၀ နာရီ နောက်ပိုင်းအဖြစ်များတယ်လို့ သိရှိရပြီးကားတိုက်ခံရလို့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာတော့ အနီရောင်အဆင့်ထိ ပြင်းထန်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက KNG ခုလိုပြောပါတယ်။

ဆိုးတာကတော့ ၅၀/၅၀ ပေါ့ တစ်ချို့လူနာတွေကတော့ တော်တော်ဆိုးဆိုးဝါးဝါးဘဲ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိကို ဖြစ်သွားတယ်။ တစ်ချို့ဆိုရင်တော့ ထိခိုက်ပွန်းပဲ့ရုံဘဲပေါ့လို့ဆိုပါတယ်။

ယာဉ်တိုက်ပြေးတဲ့ ဖြစ်စဉ်အကြိမ်အရေအတွက် တိတိကျကျကို မသိရှိသေးပေမယ့်လည်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ပြောကြားချက်အရတော့ တစ်ပတ်ကို ၃ ကြိမ်ဝန်းကျင်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူမှုကယ်ဆယ်ရေးအသင်းကတော့ တစ်လကို ၃ ကြိမ်ဝန်းကျင်ထိတွေ့ရတယ်လို့ သိရပါတယ်။

ခုလိုယာဉ်တိုက်ပြေးတဲ့အမှု မကြာခနကြုံတွေ့ရပေမယ့် တိုက်ပြေးသွားတဲ့တရားခံတွေကို တစ်ခါမှ ဖမ်းဆီးရမိခြင်းမျိုးမရှိသေးဘူးလို့သိရပါတယ်။

ဒီယာဉ်တိုက်မှုကျူးလွန်သူ‌တွေဟာအရက်နဲ့တစ်ခြားမူးယစ်ဆေးဝါးသုံးစွဲပြီး ယာဉ်မောင်းနှင်တာတွေ‌ ကြောင့်ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားပြည်သူတွေ သုံးသပ်ကြပါတယ်။

ညပိုင်းဆို သောက်စားထားပြီး မူးမူးနဲ့မောင်းတဲ့သူက ပိုများတာ။ ဒါမျိုးကျ ကင်းလှည့်တဲ့စစ်သားနဲ့ရဲကလည်း မမြင်တာလားမသိ။ ပြည်သူတွေကို လုံခြုံရေးပေးမယ့်သူတွေက သူတို့ကိုပြန်ကြောက် နေရတယ်။ ဒီလိုအမှုတွေမဖြစ် အောင် ဖမ်းဆီးအရေးယူနိုင်တာလည်းမရှိဘူးလို့ မြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကလည်း  ည ၉ နာရီဝန်းကျင်အချိန် မြေမြင့်ရပ်ကွက် Second Family ဖုန်းဆိုင်အနီး ဆိုင်ကယ်မောင်းလာတဲ့ သားအဖနှစ်ယောက်ကို ကားအဖြူတစ်စီးက ဝင်တိုက်သွားတာကြောင့် သားဖြစ်သူက ဗိုက်ပေါက်ဒဏ်ရာအပြင် မျက်နှာနဲ့ ဦးခေါင်းဒဏ်ရာတွေကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူကတော့ ဦးခေါင်းပြင်းထန်ဒဏ်ရာကြောင့် ဆယ်ရက်အကြာမှာ ပြန်လည် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လုံခြံရေးတင်းကြပ်ထားတဲ့အပြင် ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြစ်ကြီးနားမြို့မှာ ရဲနဲ့ စစ်သားတွေပေါင်းပြီး လိုင်စင်မဲ့ကားတွေကို ရှောင်တခင်ဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်ဆောင်နေပေမယ့် ခုလို ယာဉ်တိုက်ပြေးမှုတွေကို ဖမ်းဆီးတာ ၊ ခိုးဆိုးလုယက်တာတွေကို ဖမ်းဆီးတာတွေကိုတော့ ခုချိန်ထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးဘဲ ဖြစ်ပါတယ်။

By – Hope

The post မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား appeared first on Kachin News Group (KNG).