ကေအန်န်ဂျီ

ကေအန်န်ဂျီ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၇ နာရီ က သတင်း
မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား
၁၉ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး

၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာရှိတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အရာရှိတစ်ဦးနေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

လဟယ်မြို့နယ်အနောက်ခြမ်း အိန္ဒိယမြန်မာနယ်စပ်ရှိ ကမ်မော်လောရီကျေးရွာထဲက NSCN-K (ယုန်းအောင်) အဖွဲ့ရဲ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်ကို မနေ့က အောက်တိုဘာ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ အိန္ဒယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ NSCN-K(ယုန်းအောင်) အဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကိုအတည်ပြု ပြောဆိုထားပါတယ်။

မနေ့က ညနေပိုင်းမှာ သူတို့သတင်းအတိအကျရတဲ့ပုံစံနဲ့လာတိုက်ခိုက်သွားတာဟုတ်တယ်။ ဗိုလ်ချုပ်ပီးအောင်ကတော့အသက်ဘေးကလွတ်သွားပေမယ့် သူ့ရဲ့သားကြီးကတော့အသက်ဆုံးရှူံးလိုက်ရတာပေါ့ သူ့ဇနီးလေးပြင်းထန်ဒဏ်ရာရသွားတယ်လို့ သူက ပြောပါတယ်။

အိန္ဒိယစစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ်ပီးအောင်ရဲ့ သားကြီးဖြစ်သူ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရှိခဲ့ပြီးစိုးရိမ်ရတယ်လို့သိရပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ပီးအောင်ရဲ့နေအိမ်အနီးက အခြားအရပ်သားနေအိမ်တစ်လုံးမှာလည်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦးထိမှန်ခဲ့ပြီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

ဒရုန်းနဲ့ဗုံးသီးလေးလုံးချသွားတာ ပြည်သူတွေနေတဲ့အိမ်ဘက်မှာလည်းကျတယ် အသက် ၇ နှစ်ကလေးတစ်ယောက်နဲ့ သူ့အမေကိုထိသွားတယ် အမေကတော့ဒဏ်ရာရသွားတယ်ကလေးကတော့ဆေးရုံမှာပဲဆေးကုရင်းဆူံးသွားတယ်”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ကမ်မော်လောရီ ကျေးရွာဟာ အိန္ဒိယမြန်မာ နယ်စပ်စည်း မျဥ်းနဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ကျေးရွာတစ်ရွာဖြစ်ပြီး အိန္ဒိယစစ်တပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာတာဖြစ််တယ်လို့ NSCN-K(ယုန်းအောင်)အဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

ကမ်မော်လောရီကရွာကြီးပါနာဂမျိုးနွယ်စုတွေနေတဲ့ရွာ ရွာထဲမှာ NSCN-K စခန်းမရှိပါဘူး ဗိုလ်ချုပ်ပီးအောင်ရဲ့နေအိမ်ကို ပဲရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်တာဟုတ်တယ်လို့လဟယ်မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

NSCN-K (ယုန်းအောင်) တပ်ဖွဲ့ဟာ နာဂဒေသထဲက လဟယ်၊နန်းယွန်း၊ပန်ဆောင်မြို့နယ်တွေတလျှောက် အိန္ဒိယမြန်မာ နယ်စပ်တကြောမှာလုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ နာဂပြည််နယ်(Nagaland)အထိပါ စိုးမိုးမှုရှိတဲ့အဖွဲ့လို့သိရပါတယ်။

အိန္ဒိယစစ်တပ်နဲ့ ဒီ NSCN-K အန်းမိုင်းအဖွဲ့က ပဋိပက္ခဖြစ်နေတာက အခုမှမဟုတ်ဘူးဗျ။ ဆယ်စုနှစ်ချီနေပြီနောက်ပြီး နယ်စပ်တလျှောက်မှာလည်းခကြာခန ဆိုသလို ပစ်ကြခတ်ကြတာတွေရှိတယ် ဒါကြောင့် အန္တိယစစ်တပ်က အခုလိုမျိုးလုပ်လာတာလို့သုံးသပ်မိပါတယ်လို့ NSCN-K နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလို အိန္ဒိယစစ်တပ်က အရပ်သားတွေနေတဲ့ကျေးရွာ အတွင်းဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ် NSCN-K နဲ့ အခြားနာဂလူမှုအဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချ ကြောင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပါတယ်။

အိန္ဒိယစစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အိန္ဒိယမြန်မာနယ်စပ်ရှိနာဂဒေသထဲမှာ အခြေစိုက်ထားတဲ့ ULFA လက်နက်ကိုင်အဖွဲ့ရဲ့ စခန်းများကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

NSCN- K (ယုန်းအောင်) အဖွဲ့ကလည်းပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ အာရူးလ်နာချလ်ပြည််နယ်( Arunachal Pradesh) ထဲက Hatman ကျေးရွာ အနီးမှာရှိတဲ့ Assam Rifles လက်နက်ကိုင်အဖွဲ့ရဲ့ စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

By – Zaw Zaw

The post NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး appeared first on Kachin News Group (KNG).