ကေအန်န်ဂျီ

ကေအန်န်ဂျီ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၇ နာရီ က သတင်း
မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား
၁၉ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို

၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်တဲ့အတွက် လယ်ယာမြေလုပ်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာတွေက နမ်ခမ်းရွာနဲ့ နမ်ဆဘွမ်ရွာတွေဖြစ်တယ်လို့ သိရပြီး ဒေသခံတွေဟာ လုပ်ငန်းရှင်တွေကို လယ်ယာမြေရောင်းတာအပြင် လက်ရှိမိမိတို့နေထိုင်ကြတဲ့ အိမ်ဝင်းတွေကိုလည်း အိမ်အလုံးလိုက် ယာယီမရွှေ့ပြီး အိမ်ဝင်းပါမကျန်ရောင်းပေးကြတာလို့ သိရပါတယ်။

ရွှေတူးတဲ့သူတွေ၊ အိမ်ခြံမြေတွေ ရောင်းစားလိုက်တဲ့သူတွေ လောလောဆယ်က ပိုက်ဆံတွေရမှာပါ။ ဒါပေမဲ့ ပိုက်ဆံဆိုတာ ဒီကာလ သိန်းတစ်ထောင်ဆိုရင်လည်း မလောက်စားဘူး။ အခု နမ်ဆဘွမ်ရွာတွေဆို မနှစ်ကတည်းက ဒုက္ခရောက်နေပြီ။ လယ်ယာမြေတွေ အကုန်ရောင်းစားလိုက်ပြီ အခုတစ်ခြားရွာတွေမှာ လယ်ယာမြေတွေဝယ်ဖို့ ၊ လယ်လုပ်ဖို့ လိုက်ရှာတာ ဘယ်သူမှ မရောင်းပေးဘူး။ ဒါကြောင့် ဒုက္ခရောက်နေကြတယ်လို့ နမ်ခမ်းရွာဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

အဲဒီထဲက ဒေသခံတစ်ချို့ဟာ ရောင်းလိုက်တဲ့အိမ်ခြံဝင်းမှာလုပ်ငန်းရှင်တွေဘက်က ရွှေတူးဖော်လိုက်ပြီးနောက်မှာတော့ အိမ်ခြံဝင်းထဲ ကျောက်၊ မြေစာတွေ ပြန်ဖို့ပြီး အဲဒီအပေါ်မှာ ယာယီရွှေ့ထားတဲ့အိမ်တွေကို ပြန်မတင်ပြီး နေထိုင်ကြတယ်လို့ သိရပါတယ်။

နမ်ဆဘွမ်၊ နမ်ခမ်းရွာတွေက အရင်ကနဲ့မတူတော့ဘူး၊ ပြောင်းလဲသွားပြီ။ ရွာထဲ အကုန်ရွှေတူးဖော်လိုက်ကြပြီ။ ပထမဆုံးက နမ်ဆဘွမ်ရွာမှာ အရင်တူးဖော်ကြတာ ဟုတ်တယ်။ အဲဒီမှာ ကုန်တာနဲ့ နမ်ခမ်းရွာကို ပြန်လှည့်လာကြတာ ဟုတ်တယ်နမ်ဆဘွမ်ရွာ အမျိုးသားတစ်ဦး ပြောပါတယ်။

ရွှေတူးဖော်တဲ့သူတွေဟာ နမ်ခမ်းရွာလယ်ကချောင်းကို မလိခမြစ်ချောင်းဆုံကနေ ရွာထိပ် နမ်ခမ်းရေတံခွန်နားထိ အကုန်တူးဖော်လိုက်ကြပြီလို့ သိရပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌ဒီ‌ကျေးရွာ ၂ ရွာဟာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင်း ရွှေတူးဖော်မှု အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မချမ်းဘောမြို့နယ်ထဲက ကျေးရွာတွေမှာ နေအိမ်အထိ ရွှေတူးဖော်လိုက်တဲ့ မြင်ကွင်းဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၃ ခုနှစ်ကစပြီး အဲဒီရွာတွေမှာ စက်ယန္တရားတွေနဲ့မဟုတ်ဘဲ လက်ကျင်းတွေ၊ ထိုးလောင်းတွေလောက်သာရှိခဲ့ပေမဲ့ ၂၀၂၄ မနှစ်ကစပြီး ရေငုပ်ဆိုင်း၊ ဘတ်ဖိုးဆိုဒ်တွေ အကုန်ဝင်လာတာဖြစ်ပါတယ်။ အဓိက စီးပွားရေးကျပ်တည်းလာတာနဲ့တစ်ပြိုင်နက် လက်ရှိမှာ ရွာသားတွေကိုယ်တိုင်လည်း အလွန်အကျွံရွှေတူးဖော်နေကြပြီး ဝင်ငွေရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။ 

 လက်ရှိ နမ်ဆဘွမ်ရွာမှာ လယ်ယာမြေတွေအထိပါ အကုန်တူးဖော်လိုက်ကြပြီးနောက် နမ်ခမ်းရွာမှာ ဆက်တူးဖော်ကြတာဖြစ်ပြီး လတ်တလော နမ်ခမ်းရွာ ရပ်ကွက် ၃ ကနေ ရပ်ကွက် ၆ အထိ ချောင်းနံဘေးတစ်လျှောက်က ရပ်ကွက်တွေအားလုံး အိမ်ခြံမြေတွေအထိ အားလုံးရွှေတူးဖော်လိုက်ကြပြီလို့ ဆိုပါတယ်။ 

အဲဒီရွာတွေမှာ ရွှေစတင်တူးဖော်လာချိန်မှာ တစ်ရွာလုံးနီးပါး ကန့်ကွက်ခဲ့ကြ‌ပေမယ့် တစ်ချို့ ငွေကြေးအခက်အခဲ‌ ကြောင့် ရောင်းရာကနေ ခုလိုအ ခြေနေဆိုးရွားတဲ့ဖြစ်သွားတာလို့ သိရပါတယ်။

အခုမှာတော့ ကိုယ်မတူးလည်း သူများတွေ တူးဖော်လိုက်ကြမှာပဲဆိုတဲ့ ပြောစကားတွေနဲ့ အားလုံးနီးပါး ရွှေတူးဖော်နေကြတယ်လို့ ကျေးရွာဒေသခံလူငယ်တစ်ဦး ပြောပါတယ်။ 

ရွှေတူးဖော်မှုတွေကို ကျေးရွာတာဝန်ရှိသူတွေနဲ့ စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေက ခွင့်ပြုချက်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆိုးဆိုးရွားရွား ရွှေတူးဖော်နေကြတာကြောင့် ရွာရဲ့အသက်သွေးကြောလို့ဆိုနိုင်တဲ့ နမ်ခမ်းချောင်းဟာလည်း ပျက်စီးသွားပြီဖြစ်တာကြောင့် ဒီနှစ်မှာတော့ လယ်ယာမြေလုပ်ကိုင်တဲ့သူတွေအတွက်လည်း လယ်ယာမဖြစ်ထွန်းတော့ဘူးလို့ ဆိုပါတယ်။ 

အဓိက ရေရရှိဖို့ခက်ခဲသွားပြီး ချောင်းရေတွေခန်းသွားတာ၊ ချောင်းရေတွေညစ်ညမ်းပြီး နှောက်ကုန်တာတွေကြောင့် အရင်လို လယ်ယာမဖြစ်ထွန်းတော့တဲ့အပြင် ရေတွင်းတွေခန်းခြောက်တာ၊ သောက်သုံးရေတွေခက်ခဲလာတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ 

 နမ်ခမ်းရွာမှာ နမ်ခမ်းချောင်းနဲ့ အင်ဘမ်( Nbap hka)ချောင်းဆိုပြီး ချောင်းနှစ်ခုရှိပါတယ်။ ရွာလယ်မှာ စီးဆင်းတဲ့ နမ်ခမ်းချောင်းကတော့ ချောင်းဖျားပိုင်း ရေတံခွန်နားကနေ မလိခမြစ်ထဲစီးဝင်ရာ ချောင်းဆုံအထိ ရွှေတူးဖော်လိုက်ပြီဖြစ်ပြီး လက်ရှိမှာတော့ ရွာနံဘေးက အင်ဘပ်ချောင်းမှာ ဆက်ပြီး စတင်ရွှေတူးဖော်နေကြပြီလို့လည်း သိရပါတယ်။

ယခင်က ပူတာအိုခရိုင်မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းရွာဟာ သစ်သီးနှံတွေပေါများပြီး အထွက်နှုန်းကောင်းတဲ့ရွာတစ်ရွာအဖြစ် နာမည်ကြီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခု သစ်သီးတွေလည်း အထွက်မကောင်းတော့တဲ့အပြင် တစ်ရွာလုံးက ခြောက်ကပ်သွားပြီး အရင်လို နေထိုင်စရာမကောင်းတော့ဘူးလို့ ပြောဆိုကြပါတယ်။

တစ်ဖက်မှာ ရွှေမှော်ကြောင့် ရွာထဲက ကျောင်းတက်နေတဲ့ကလေးတွေလည်း ပညာရေးကို စိတ်မဝင်စားတော့ဘဲ ရွှေတွေပဲလိုက်တူးပြီး စာသင်ရမယ့်အရွယ်မှာ ငွေရှာသူတွေ များလာကာ အကျင့်စရိုက်တွေ ပျက်ပြားလာတာကြောင့် ကလေးတွေရဲ့အနာဂတ်အတွက် စိုးရိမ်ဖွယ် ဆိုးကျိုးလည်း သက်ရောက်နေတယ်လို့ နမ်ခမ်းရွာက လူငယ်က ဆက်ပြောပါတယ်။ 

ဒီနမ်ခမ်းရွာဟာ အရင်က အရမ်းကို နေစရာကောင်းတဲ့ရွာဖြစ်တယ်။ လေ၊ ရေ၊ ချောင်းတွေ၊ မလိခမြစ်တွေနဲ့ အရမ်းကို အေးချမ်းသာယာတဲ့ရွာဖြစ်တယ်။ ဒါပေမဲ့ အခုတော့ မလိခမြစ်နားတွေထိ အကုန်ရွှေတူးဖော်လိုက်ပြီး နမ်ခမ်းရွာချောင်းမှာလည်း ရွှေတွေတူးဖော်လိုက်ပြီဆိုတော့ ရွာက ခြောက်ခြောက်ကပ်ကပ်ဖြစ်သွားပြီ။ရွှေမှော်ကြောင့် ကျနော်တို့ ရွာထဲက ကလေးတွေ ပျက်စီးကုန်တာကလည်း ဆိုးကျိုးကြီးတစ်ခုလို့ မြင်ပါတယ်လို့ ပြောပါတယ်။

ပူတာအိုခရိုင် မချမ်းဘောမြို့ကနေ ၇ မိုင်အကွာအဝေးမှာရှိတဲ့ နမ်ခမ်းရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး မချမ်းဘောမြို့ကနေ ၉ မိုင်အကွာမှာရှိတဲ့ နမ်ဆဘွမ်ရွာမှာတော့ အိမ်ခြေ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

The post မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို appeared first on Kachin News Group (KNG).