ကေအန်န်ဂျီ

ကေအန်န်ဂျီ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၇ နာရီ က သတင်း
မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား
၁၉ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၇ နာရီ က သတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယခုနှစ်ရေကြီးရေလျှံဖြစ်ခဲ့ပြီးနောက် လူနေအိမ်တွေမှာ အဆိပ်ပြင်းမြွေတွေအပါအဝင် တခြားမြွေအမျိုးအစားတွေကိုပါ ခပ်စိပ်စိပ်မြင်တွေ့လာရတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

မြွေတွေ့ရှိတဲ့ နေရာတွေက ရေဝပ့်လေ့ရှိတဲ့ ရမ်ပူရပ်ကွက်တွေမှာတော့ အများဆုံးတွေ့ရပြီး လယ်ကုန်း၊ မြို့သစ်ကြီး ကွက်သစ်၊ ခင်မာသီရိ အောင်နန်း စတဲ့ ရပ်ကွက်တွေမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမှာ တစ်ခြားအသင်းတွေဖမ်းမိတာနဲ့ ပြောမယ် ယှဥ်မယ်ဆိုရင်တော့ ရေဝင်ထားတဲ့ ရပ်ကွက်တွေက ပိုများနိုင်တာပေါ့။ ရေမဝင်တဲ့နေရာတွေ မတွေ့ဘူးလားဆိုတော့ ရေမဝင်တဲ့နေရာတွေမှာလည်း တွေ့တယ်။ အများဆုံးကတော့ ရေဝင်ထားတဲ့ ရပ်ကွက်တွေ အများဆုံး ဖြစ်မယ်လို့တော့ ယူဆလို့ရတယ်ရှင်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အမျိုးသမီး အဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အကောင်အရေအတွက်ကို တိတိကျကျ မသိရှိရပေမယ့် တစ်ပတ်ကို အနည်းဆုံး တစ်ကောင်ကနေ အများဆုံး ၃ ကောင်ထိ ဖမ်းဆီးရမိနေတယ်လို့ သိရပြီး အဆိပ်ပြင်းမြွေတွေတွေဖြစ်တဲ့ ငန်းတော်ကျားနဲ့ လည်ပင်းနီမြွေ အမျိုးအစားတွေအပြင် စပါးအုံးမြွေ၊ လင်းမြွေနဲ့ တခြားအဆိပ်ပျော့ မြွေတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ယခင်က မြစ်ကြီးနားမြို့မှာ အဆိပ်ပျော့မြွေတွေကိုတောင် တစ်ခါတစ်ရံသာ တွေ့ရှိရပေမယ့်လည်း ရေကြီးရေလျှံပြီးနောက်ပိုင်းမှာ ခုလိုအဆိပ်ပြင်းမြွေတွေကို ပိုမိုတွေ့ရှိလာရတာလို့ လူမူကူညီရေးအသင်းတစ်ချို့ ပြောပါတယ်။

ခုလိုရေကြီးရေလျှံပြီးနောက်ပိုင်း လူနေအိမ်တွေမှာ မြွေတွေကို ပိုပြီး တွေ့ရှိလာရတာဟာ သဘာဝပတ်ဝန်းကျင်ရှုထောင့်ကနေကြည့်ရင် ရေမြေသဘာဝ ဟေဂစနစ်၊ အစာကွင်းစက်နဲ့ ကျင်လည်ကျက်စားရာနေရာတွေ ပျက်ဆီးသွားမှုကြောင့် ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်ပြီး ကျွမ်းကျင်သူ(Environmental Advocate) ဆရာ ဇုန်းတိန့်က ခုလို သုံးသပ်ပြောဆိုပါတယ်။

မြွေကတော့ တွင်းအောင်သတ္တဝါဖြစ်တဲ့အတွက် ရေကြီးရင်နေရာတွေ ပြောင်းကုန်တယ်လေ။ ရေတွေ ပိတ်သွားတဲ့အခါ သူ့နေရာ ပြန်သွားမယ် အချိန်မှာ လူတွေက လမ်းတွေပိတ် ရေကလည်း ကျသွားဆို မသွားနိုင်တော့ဘူးကွာ ဒါဆို ငါတို့ဆီမှာ တောင်တင်နေတဲ့ သဘောမျိုး ဖြစ်တာပေါ့။ ဆိုတော့ ကျွန်တော်တို့ ရဲ့ ခါတိုင်းထက် ထူးထူးခြားခြားတွေ့လာရတယ်လို့ဆိုပါတယ်။

လက်ရှိချိန်ထိတော့ မြစ်ကြီးနားအခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ လူနေအိမ်တွေမှာတွေ့တဲ့မြွေတွေကို ကူညီဖမ်းဆီးပေးပြီး ဘေးလွတ်ရာတောတွေမှာ စနစ်တကျပြန်လည် လွှတ်ပေးတာမျိုး လုပ်နေတဲ့အတွက် လက်ရှိချိန်ထိတော့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးဘူး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိဘပြည်သူတွေအနေနဲ့ မြွေတွေကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း မပြုဘဲနဲ့ မြွေနဲ့အဝေးဆုံးနေရာမှာဘဲနေပြီး လူမှုကယ်ဆယ်ရေးအသင်းတွေထံ ဆက်သွယ် အကူအညီတောင်းခံဖို့ လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ အကြုံပြုထားတာဘဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြွေတွေဟာ သူတို့ကို ထိတွေ့ကိုင်တွယ်မှု မပြုသ၍ အန္တရာယ်မပြုတတ်တဲ့အပြင် စပါးဖျက်တဲ့ ကြွက်နဲ့ တခြားအင်းဆက် ပိုးမွှားတွေကို စားသုံးပေးခြင်းဖြင့် ဂေဟစနစ်ကိုလည်း အကျိုးပြုစေတာ ဖြစ်ပါတယ်။

By – Hope

The post မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ appeared first on Kachin News Group (KNG).