ကေအန်န်ဂျီ

ကေအန်န်ဂျီ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၇ နာရီ က သတင်း
မြစ်ကြီးနားမြို့ ရေကြီးရေလျှံဖြစ်ပြီးနောက် အဆိပ်ပြင်းမြွေပေါများလာ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား
၁၉ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၄ ရက် က သတင်း
မြစ်ကြီးနားမြို့မှာ ကော်သေနတ်အတုနဲ့ ဓားပြတိုက်မှု ဖြစ်ပွား
ကေအန်န်ဂျီ

ကေအန်န်ဂျီ via Myan.News

KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ

၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း

ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ ဌာနချုပ်ကို စစ်တပ်က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ၇ နာရီခွဲအချိန် လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

စစ်တပ်သုံးလေယာဥ်က KIA တပ်ရင်း () ဌာနချုပ် နေရာပတ်ပတ်လည်ကို လေယာဉ်ဗုံး ၃၆ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ကားမိုင်းကျော်ပြီး ကံဆီးဘက်ကနေတက်လာပြီး ရင်း () နေရာကို ပစ်သွားပြီ။ လာပစ်တာ တော်တော်ကြာတယ်။ လေယာဉ်ဗုံး ၃၆ ကြိမ်လောက်ရှိတယ်။ နာရီဝက်လောက်ပစ်ပြီး ပြန်ဆင်းသွားပြီလို့ပြောပါတယ်။

လေကြောင်းပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်မှုရှိမရှိ နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲဖြစ်ပါတယ်။

KIA တပ်ရင်း () ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး KPDF တာဝန်ရှိသူတစ်ဦးလည်းလာပစ်တာက ၇ နာရီခွဲအချိန်လောက်မှာ လာပစ်တာ။ ကျနော်တို့ကိုတိုင်လည်း မြေပြင်အခြေအနေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်။ လာပစ်တာက နှစ်ခေါက် သုံးခေါက် လှည့်ပတ်ပြီး လာပစ်သွားတာလို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ KIA နဲ့ KPDF တပ်ဖွဲ့တွေ ကန့်ကွက်လှုံ့ဆော်နေတာတွေကြောင့် အခုလို လာရောက်ခြိမ်းခြောက်ပစ်ခတ်လာတာဖြစ်နိုင်တယ်လို့ KPDF တာဝန်ရှိသူတစ်ဦးသုံးသပ်ပြောဆိုနေပါတယ်။

ဖားကန့်မြို့မှာ KIA နဲ့ KPDF တပ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကနေ တပ်သားစုဆောင်းမှု လုပ်ဆောင်ခဲ့ပြီးနောက် စစ်တပ်က အခုလို KIA တပ်မဟာ၊ တပ်ရင်း နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်တပ်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

The post KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ appeared first on Kachin News Group (KNG).