သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
ရွာငံစစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများလိုအပ်နေ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
မဟာချိုင်တွင် မြန်မာ ၁၃၀ ကျော် ဖမ်းဆီးခံရမှုကြောင့် ပန်းရောsင်ကဒ်ထုတ်ပေးသည့် လုပ်ငန်းစဉ် ရပ်တန့်ဆိုသည့် သတင်းအမှား
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
သက်တမ်းကုန်ဆုံးသည့် စားသုံးကုန်များကို ရက်စွဲပြုပြင်ရောင်းချမှုရှိနေ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
သင်္ကန်းဝတ်ဖြင့် အမုန်းတရားဖြန့်နေသော ပေါက်ကိုယ်တော်
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကော်မရှင်တပ် ဗုံးထပ်မံကြဲ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၃၀၀၀ အတွက် အမိုးအကာ လိုအပ်နေ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
TNLA ထိန်းချုပ် မိုင်းငေါ့မြို့ကို စစ်တပ်လေကြောင်းဗုံးကြဲ၊ သားအမိ ၂ ဦးသေဆုံးပြီး ဖခင်ဒဏ်ရာရ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
လူမျိုးရေးအမုန်းပွားအောင် ဇာတ်ကြောင်းဖန်တီးနေသည့် ဒေသတွင်းသတင်းဌာနအတုပကို လေ့လာခြင်း
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်
၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း
နေရပ်မပြန်သည့် လွိုင်ကော်စစ်ရှောင်နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ် ခြိမ်းခြောက်
သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့် via Myan.News

နေရပ်မပြန်သည့် လွိုင်ကော်စစ်ရှောင်နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ် ခြိမ်းခြောက်

၂၀ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၃ ရက် က သတင်း

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်သို့ နေရပ်မပြန်လာသည့် စစ်ရှောင်နေအိမ်များကို စစ်ကော်မရှင်က ချိတ်ပိတ်တော့မည်ဟု ခြိမ်းခြောက်ကာ နေရပ်ပြန်လာရန် ဖိအားပေးနေကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး လွိုင်ကော်မြို့ ဒေသခံ ထောင်ချီ ထွက်ပြေးခဲ့ရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းတွင် စစ်ကော်မရှင်တပ်သည် လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး၊ စစ်ကော်မရှင်၏ ဖိအားကြောင့် စစ်ဘေးရှောင် အချို့သည်နေရပ်ပြန်ခဲ့ရသည်။

ထိုစစ်ကော်မရှင်ထိန်းချုပ်ထားသည့် ကရင်နီ (ကယားပြည်)လွိုင်ကော်မြို့နှင့် ဘောလခဲမြို့နယ်သည် လာမည့် ဒီဇင်ဘာ ၂၈ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၁) စာရင်းထဲတွင်ပါဝင်နေသည်။

ရွေးကောက်ပွဲ ကျင်းပရန်အတွင်း စစ်ကော်မရှင်က နေရပ်စွန့်ခွာသွားသည့်သူများ ဒီဇင်ဘာလ မတိုင်မီ ပြန်လာကြရန်နှင့် ပြန်မလာသည့် နေအိမ်များကို ချိတ်ပိတ်သွားမည်ဟု စစ်ကော်မရှင်က ဖိအားပေး ခြိမ်းခြောက်နေသည်။

“တစ်ချို့က ပြန်ရောက်နေပြီ။ မပြန်လာတဲ့အိမ်ကိုတော့ ချိတ်ပိတ်မယ်လို့ပြောတယ်။ပြန်လာဖို့ ခေါ်နေတယ်။”ဟု လွိုင်ကော် နေရပ်ပြန်စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ရှောင်များကို နေရပ်ပြန်လာရန် ခေါ်ဆောင်ခြင်းမှာ ရွေးကောက်ပွဲအတွင်း မဲထည့်ခိုင်းရန်နှင့် မဲစာရင်းများကိုလည်း ရဲစခန်းနှင့် နီးစပ်ရာ ဌာဆိုင်ရာများတွင် လာရောက်စာရင်းပေးရန် စစ်ကော်မရှင်က ညွှန်ကြားထားကြောင်း သိရသည်။


ထိုသို့ စစ်ကော်မရှင်က နေရပ်ပြန်ရန် ဖိအားပေးသော်လည်း နေရပ်မပြန်နိုင်သေးသူများသည် ကျောင်းနေအရွယ် ကလေးများ ပညာရေးတပိုင်းတစ ဖြစ်မည်ကို စိုးရိမ်သဖြင့် မပြန်နိုင်သေးကြောင်းနှင့် ကျောင်းပိတ်ချိန်မှ ပြန်ရန် စီစဉ်ထားကြောင်း လွိုင်ကော်စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ ပြန်ခိုင်းတာက မဲထည့်ဖို့ ပြန်ခိုင်းမှန်းသိတယ်။ ဒီမှာလည်းကလေးတွေက ကျောင်းဖွင့်ချိန်ဆိုတော့ ပြောင်းရင်လည်း အဆင်မပြေနဲ့ ကျောင်းပိတ်တဲ့အချိန် ပြန်မလို့လုပ်ထားတာ။ ဒီအချိန်မပြန်နိုင်လို့ သိမ်းမယ်ဆိုရင် နေစရာလည်း မရှိသလို ပြန်စရာအိမ်လည်း ရှိတော့မှာ မဟုတ်ဘူး။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

လွိုင်ကော်- တောင်ကြီးသွားလမ်းတွင်လည်း စစ်ကော်မရှင်တပ်သားနှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်သားတို့က အစစ်ဆေးတင်းကြပ်နေပြီး ထောက်ခံစာမပါလျှင် ကားများကို ပြန်လှည့်ခိုင်းပြီး ငွေညှစ်နေကြောင်း သိရသည်။

“မိုးဗြဲဖက်ကနေ တောင်ကြီးသွားရင် လမ်းမှာ ဂိတ်တွေ ဆယ်ခုလောက် ဖြတ်ရတယ်။ ဆီဆိုင်ကနေသွားလည်း ၁၀ ဂိတ်လောက်ဖြတ်ရတယ်။ ဂိတ်တိုင်းကို ငွေကျပ် ငါးထောင်စီ ပေးခဲ့ရတယ်။ ထောက်ခံစာမပါဘူးဆိုရင် ကားပေါ်တက် အကုန်စစ်၊လူတွေကို ဆွဲချတယ် ပြီးရင် ပေးမဖြတ်ဘူး ပြန်လှည့်ခိုင်းတယ်။”ဟု လွိုင်ကော်စစ်ရှောင် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် ပြန်လည်နေထိုင်သူ များပြားလာသော်လည်း အလုပ်အကိုင်ရှားပါးခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အခက်ခဲရှိခြင်းတို့ကြောင့် ကုန်ဈေးနူန်းမြင့်တက်ကာ ဈေးရောင်းသူများလာပြီး ဝယ်သူနည်းလာ သောကြောင့် လုပ်ကိုင်စားသောက်ရန် မလွယ်ကူတော့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ လွိုင်ကော်မြို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေကာ ကြက်ဥ တစ်လုံးလျှင် ကျပ်(၅၀၀)၊ ဆန်ကြမ်းတစ်အိမ်လျှင် ငွေကျပ်(၇)သောင်း မှ ကျပ်တစ်သိန်းအထိ ရှိနေပြီး ယခင်က ဝမ်းတီးနို့ဆီ တစ်ထုပ်လျှင် ကျပ်(၅၀)သာ ရှိသော်လည်း ယခုတွင် ငွေကျပ်(၄၀၀)အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

The post နေရပ်မပြန်သည့် လွိုင်ကော်စစ်ရှောင်နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ် ခြိမ်းခြောက် appeared first on သျှမ်းသံတော်ဆင့်.