ခိုနူမ်းသုန်

ခိုနူမ်းသုန်

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်
၁၀ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို
၈ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
၇ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့တွင် အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး
၅ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မင်းတပ်မြို့နယ် ကျေးရွာ ၄၀ ကျော်က တောင်ယာစိုက်ခင်းများ ပိုးကျမှုကြောင့် သီးနှီးပျက်စီးမှု ပမာဏများပြား
ခိုနူမ်းသုန်

ခိုနူမ်းသုန် via Myan.News

ကလေးမြို့တွင် အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး

၇ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း

(004SS)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မွန်းလိုင်ရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ်၂ ဦးသည် ကားမဲလ် ဆုတောင်းတောင် သွားရာလမ်းရှိ ဆည်ကြီးချောင်း (ခ) ကွဲချောင်းကို ဖြတ်ကူးစဉ် ရေနစ်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသူများမှာ အသက် ၁၀ နှစ်ဝန်းကျင်ရှိ Lia Cing San Nuam နှင့် Lia Nuam Lam Cing တို့ဖြစ်ကြသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ ရက်နေ့မနက်ပိုင်း ၇ နာရီဝန်းကျင်တွင် သေဆုံးသွားသူ ၂ ဦးသည် ၎င်းတို့၏ သူငယ်ချင်းတစ်ဦးနှင့်အတူ မွန်လိုင်ရပ်ကွက်မှ ကားမဲလ်ဆုတောင်းတောင် တက်ရန်သွားရောက်ခဲ့ကြရာ ဆင်ရွာအကျော်ရှိ ချောင်းကို ဖြတ်ကူးရစဉ်တွင် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြခြင်းဖြစ်သည်။

ကျန်တစ်ဦးမှာ ရေစီးသန်သည့်အတွက် ချောင်းကိုမဖြတ်ကူးရဲဘဲ နေအိမ်သို့ပြန်လာပြီးနောက် အဖြစ်အပျက်အား ပြောပြခဲ့ရာ ဆွေမျိုးများနှင့် ရပ်ကွက်သူ/သားများက လူစုခွဲကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြသည်။

“သူတို့ သူငယ်ချင်းသုံးယောက် ကားမဲလ်တောင်တက်ဖို့ သွားတာပါ၊ နှစ်ယောက်က ချောင်းဖြတ်ကူးတဲ့ချိန်မှာ ရေနစ်သွားတာပေါ့နော်။ ကျနော်အဒေါ်ရဲ့သမီး နူးနူးကိုကျတော့ ဆေးရုံကို ပို့လိုက်သေးတယ်။ သူကတော့ဆေးရုံရောက်ပြီးမှ ဆုံးသွားတာပေါ့နော်။ နောက် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကကျတော့ ကျောက်တုံးတွေကြားမှာ တွေ့ရှိရတာပေါ့၊ သူကတော့ချောင်းမှာတင် ဆုံးသွားပြီပေါ့နော်။‌ အဆိုးထဲကနေ ကျေးဇူးတော်ကြောင့် အလောင်းကို ပြန်တွေ့တယ်ဆိုတော့ ကောင်းကောင်းမွန်မွန် သဂြိုလ်ခွင့်ရတာကိုပဲ ကျေးဇူးတင်ရမှာပေါ့နော်” ဟု Lia Cing San Nuam (ခ) နူးနူး၏ ဝမ်းကွဲအကိုဖြစ်သူက ပြောသည်။

သေဆုံးသွားသူ ၂ ဦး၏ ရုပ်အလောင်းကို တာဟန်း-ပြည်တော်သာလမ်းမပေါ်ရှိ ဆည်ကြီးချောင်းကူးတံတား အောက်ဘက်နှင့် တံတားအထက်ဘက်ရှိ ကျောက်တုံးများကြားတွင် တွေ့ရှိခဲ့ခြင်းဟု သိရသည်။

Lia Cing San Nuam ၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၂ နာရီတွင် သင်္ဂြိုဟ်မည်ဖြစ်ပြီး Lia Nuam Lam Cing ၏ ရုပ်အလောင်းကိုမူ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်း ၉ နာရီတွင် ခရစ်ယာန်ထုံးစံအတိုင်း မြေမြုပ်သင်္ဂြိုဟ်မည်ဟု သိရသည်။