ခိုနူမ်းသုန်

ခိုနူမ်းသုန်

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်
၁၀ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို
၈ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
၇ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့တွင် အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး
၅ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မင်းတပ်မြို့နယ် ကျေးရွာ ၄၀ ကျော်က တောင်ယာစိုက်ခင်းများ ပိုးကျမှုကြောင့် သီးနှီးပျက်စီးမှု ပမာဏများပြား
ခိုနူမ်းသုန်

ခိုနူမ်းသုန် via Myan.News

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

၁၀ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်သည် စစ်မှုထမ်းလူဦးရေ လိုအပ်ချက်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမူးကိုယ်တိုင် ဦးဆောင်ကာ ညအချိန် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ခပ်စိတ်စိတ် ပြုလုပ်လာသည်ဟု ကလေးမြို့ခံများထံမှ သိရသည်။

“စစ်မှုထမ်းဆွဲတာကတော့ နေ့တိုင်းပဲ၊ ညတိုင်းအိမ်တွေကို ဝင်ဖမ်းတာတွေလည်းရှိတယ်၊ ကလေး (၄-၅) ယောက်လောက်ရှိတဲ့ အဖေတွေရော ပါသွားတာပေါ့။ အခုက စစ်မှုထမ်းလိုအပ်ချက်ရှိနေတော့ အိမ်တွေမှာပါဝင်ဖမ်းတာတွေလည်းရှိတယ် ညမိုးချုပ်မှာ၊ အဲ့လိုမျိုးဖမ်းတာက သူတို့ ပျူတွေများတဲ့ရပ်ကွက်မှာ နေတဲ့သူ၊ သူတို့ကိုယ်တိုင်းလဲ သိတဲ့ ဟာတွေပေါ့။ ဟိုးနေ့ကဆိုရင်လည်း ဆိုင်မှာ စားသောက်ဝင်စားနေတုန်း ဝင်ဆွဲသွားတာရှိတယ်” ဟု ကလေးမြို့က စစ်ကော်မရှင်လှုပ်ရှားမှုကို စောင့်ကြည့်နေသူတဦးက ပြောသည်။

စစ်ကော်မရှင်သည် ယခင်က လမ်းသွားလမ်းလာများ၊ လူအများစုရုံးရာနေရာ ဘောလုံးကွင်း၊ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်၊ စားသောက်ဆိုင်တို့ကို ဝင်ရောက်စီးနင်းကာ စစ်မှုထမ်းရန် လူငယများ ဖမ်းဆီးမှုပြုလုပ်လေ့ရှိသော်လည်း ယခုအခါ ညပိုင်းနေအိမ်အတွင်းအထိပါ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ကလေးမြို့၊ မင်္ဂလာဥယာဉ်ရပ်ကွက်တွင်လည်း ညအချိန် နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခြင်းနှင့် အောင်သစ္စာ ရပ်ကွက်အုပ်ချုပ်ရေးမူး (အောင်အောင်) ကလည်း ရပ်ကွက်နေ လူငယ် အမျိုးသားများအား ဖမ်းဆီးကာ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ် ဌာနချုပ် (ဒကစ) သို့ ပို့ဆောင်နေကြောင်း ကလေးမြို့ခံထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အထိ က လေးမြို့ပေါ်ရှိ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ ချမ်းမြေ့အောင်စည်၊ ပင်လုံ၊ အောင်သစ္စာ၊ မင်္ဂလာဥယျာဉ်၊ သဇင်ရပ်ကွက်တို့တွင် စစ်ကော်မရှင်နှင့် ပျူစောထီးများ ဝင်ရောက်ဖမ်းဆီးမူကြောင့် အမျိုးသား (၅၀) ကျော်အထိ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးခံရသူများသည် ယခင်က စစ်ကော်မရှင်ဖက်မှ တောင်းသည့်ပိုက်ဆံဖြင့်ပြန်ရွေးယူနိုင်သော်လည်း ယခုနောက်ပိုင်းတွင် ငွေကြေးသာမက လူအစားထိုးရှာပေးရန် တောင်းဆိုမှုများရှိလာသောကြောင့် ပြန်လည်ရွေးထုတ်ရန် မလွယ်ကူတော့ကြောင်း သိရသည်။

လက်ရှိ ကလေးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကော်မရှင်တပ်ဖွဲ့သည် ကင်းလှည့်စစ်ဆေးခြင်းများအပြင် ကလေးမြို့ အထွက် စစ်ဆေးရေးဂိတ်၊ ကလေးမြို့ သူနာပြုကျောင်းရှေ့ စစ်ဆေးရေးဂိတ်၊ စိန်မေရီ စာသင် ကျောင်းရှေ့ လုံခြုံရေးဂိတ်တို့တွင် တပ်စွဲနေရာယူထားကာ မြို့တွင်း ဝင်လာသည့် ကုန်တင်ကားများအား ဂိတ်ကြေးဖြင့် အဆမတန် ငွေကြေး ကောက်ခံခြင်းများကို ပြုလုပ်နေသည်ဟု သိရသည်။