ခိုနူမ်းသုန်

ခိုနူမ်းသုန်

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်
၁၀ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို
၈ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
၇ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့တွင် အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး
၅ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မင်းတပ်မြို့နယ် ကျေးရွာ ၄၀ ကျော်က တောင်ယာစိုက်ခင်းများ ပိုးကျမှုကြောင့် သီးနှီးပျက်စီးမှု ပမာဏများပြား
ခိုနူမ်းသုန်

ခိုနူမ်းသုန် via Myan.News

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

၈ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် Sihhmui ကျေးရွာတွင် စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး တနင်္ဂနွေနေ့က ဆိုင်ကယ်တိုက်ခံရ၍ သေဆုံးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် မတူပီမြို့နယ် တင်လောင်းကျေးရွာမှ Sihhmui ကျေးရွာသို့ စစ်ဘေးရှောင်လာသော အသက် ၅၅ နှစ် အရွယ် ဒေါ်စန်အဲသည် စက်တင်ဘာ ၇ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် ဘုရားကျောင်းမှအပြန် ဆိုင်ကယ်တိုက်ခံရခြင်းဖြစ်သည်ဟု The Matupi Times သတင်းဌာနကဖော်ပြသည်။

ဒေါ်စန်အဲသည် ဘုရားကျောင်းဆင်းပြီးနောက် နေအိမ်ရှေ့တွင် ရပ်နေစဉ်မှာ ဒေသခံအမျိုးသား ၂ ဦးစီးလာသော ဆိုင်ကယ်ဖြင့် အတိုက်ခံရကာ ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆိုင်ကယ်ဖြင့် တိုက်သွားသည့် အမျိုးသား ၂ ဦးကိုလည်း တာဝန်ရှိသူများက ဖမ်းဆီးထိမ်းသိန်းထားပြီဟု သိရသည်။

ဒေါ်စန်အဲသည် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်လာသူဖြစ်ပြီး Sihhmui ကျေးရွာမှာ သား ၃ ယောက်နှင့်အတူ နေထိုင်ကြသည်ဟု သိရသည်။