ခိုနူမ်းသုန်

ခိုနူမ်းသုန်

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်
၁၀ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို
၈ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
၇ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့တွင် အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး
၅ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မင်းတပ်မြို့နယ် ကျေးရွာ ၄၀ ကျော်က တောင်ယာစိုက်ခင်းများ ပိုးကျမှုကြောင့် သီးနှီးပျက်စီးမှု ပမာဏများပြား
ခိုနူမ်းသုန်

ခိုနူမ်းသုန် via Myan.News

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ခါပန်းကျေးရွာကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စက်တင်ဘာလ ၁၀ ရက် ည ၁၂ နာရီခန့်က ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် – ၅ ထဲက ခါပန်းကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၂ လုံးကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေကို အကြောက်တရားတွေ ရှိလာအောင် ပစ်မှတ်ထားပြီးမှ တိုက်ခိုက်တာလည်း ဖြစ်နိုင်သလို ရဲဘော်တွေ ရှိနေတယ် ထင်ပြီးမှ တိုက်ခိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အဓိကက ပြည်သူတွေကို အကြောက်တရားဝင်အောင် လေကြောင်းကနေ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်နေတာလို့ ပြောချင်ပါတယ်” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပီတာသန်းရွှေက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁ ဦးလည်း လက်မှာ မစိုးရိမ်ရ ဒဏ်ရ ရရှိသည်ဟု သိရသည်။

စစ်ကော်မရှင်သည် ကန်ပက်လက်မြို့ကို လက်လွတ်ဆုံးရှုံးရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်သော ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုတချို့ ရှိခဲ့ပြီး အစိုးရအခြေခံအဆောက်အဦးများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိသည်။

မကွေးတိုင်း၊ ယောဒေသအစပ်မှာ ရှိသည် ကန်ပက်လက်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာလအတွင်းက CDF – ကန်ပက်လက်က စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရာများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်များသည် ချင်း- မကွေးစပ်၊ ယောဒေသတွင် စစ်ရေးပြင်ဆင်စုဖွဲ့မှုများ လုပ်ဆောင်နေသောကြောင့် CDF – ကန်ပက်လက်သည်လည်း ကျည် ၂ သောင်း ကမ်ပိန်းကို စက်တင်ဘာလ ၈ ရက်မှစတင်၍ နိုဝင်ဘာလ ၈ ရက်အထိ သတ်မှတ် လုပ်ဆောင်လျက်ရှိသည်။