ခိုနူမ်းသုန်

ခိုနူမ်းသုန်

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်
၁၀ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို
၈ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
၇ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့တွင် အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး
၅ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မင်းတပ်မြို့နယ် ကျေးရွာ ၄၀ ကျော်က တောင်ယာစိုက်ခင်းများ ပိုးကျမှုကြောင့် သီးနှီးပျက်စီးမှု ပမာဏများပြား
ခိုနူမ်းသုန်

ခိုနူမ်းသုန် via Myan.News

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း

(004SS)

အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသောအဖွဲ့ ACR က ထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲကို မလေးရှားရှိ ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်သည့် ACR နှင့် CRC တို့၏ ဦးဆောင်မှုဖြင့် Malaysia Lautu Christian Fellowship ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ၂၀၂၅ ခုနှစ်အတွက် အမေရိကန်မှ ချီးမြှင့်သော Martin Luther King လူသားချင်းစာနာမှု ဆုရရှိထားသည့် Burmese American Community Institute (BACI) ၏ CEO ဖြစ်သူ Mr. Elaisa Vahnie က ၂၀၂၆ ခုနှစ်အတွင်း အမေရိ ကန်နိုင်ငံမှ ဒုက္ခသည်များ လက်ခံမည့် အစီအစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခဲ့‌ကြောင်း ACR ၏ ဖော်ပြချက် အရ သိရသည်။

ထို့အပြင် Mr. Vahnie သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း ချင်းဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး မလေးရှား ရှိ UNHCR၊ အမေရိကန်သံရုံးတို့နှင့် သွားရောက်တွေ့ဆုံမည်ဟု ACR က ဖော်ပြထားသည်။

ထို့နောက် မလေးရှားရောက် ဒုက္ခသည်များနှင့် လူထုတွေ့ဆုံပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကာ အသေးစိတ်ကို မကြာမီ ကြေညာသွားမည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသူ ACR ၏ ဖော်ပြချက်အရ သိရသည်။

မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀ ကျော်သည် ဒုက္ခသည်ကတ် ကိုင်ဆောင်ထား သူများဖြစ်သည်ဟု သိရသည်။

ယခုနှစ်ဆန်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမိန့်ကြောင့် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြည့်ဝင်ခွင့်ရရှိ ထားသည့် မလေးရှားမှ ချင်းဒုက္ခသည်များ၏ လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ရုတ်သိမ်းခံလိုက်ရသလို RSD ဟုခေါ် သော ဒုက္ခသည် အဆင့်အတန်းသတ်မှတ်သည့် အင်တာဗျူးရက်ချိန်းရရှိပြီး‌သူ အများအပြားကိုလည်း ဖျက်သိမ်းခံခဲ့ကြရ သည်။

လက်ရှိတွင် မလေးရှားရောက် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများသည် အထောက်အထားမဲ့ နေထိုင်မှုဖြင့် မလေးရှားရဲတပ်ဖွဲ့များ၏ ရှာဖွေ ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေကြရသည်။