ခိုနူမ်းသုန်

ခိုနူမ်းသုန်

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ
၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်
၁၀ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
မင်းတပ်မြို့နယ်လုံးကျွတ် လူဦးရေစာရင်းကောက်ယူမှု ထက်ဝက်ကျော်ပြီးစီးပြီဟု မင်းတပ် ပအဖ ဆို
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး
၉ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
MRO/ CDF – မတူပီသည် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုပြီး အာဏာရှင်ဆန်ဆန်ပြုမူနေဟုဆို
၈ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း
စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
၇ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့တွင် အသက် ၁၀ နှစ်အရွယ် ချင်းအမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး
၅ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မင်းတပ်မြို့နယ် ကျေးရွာ ၄၀ ကျော်က တောင်ယာစိုက်ခင်းများ ပိုးကျမှုကြောင့် သီးနှီးပျက်စီးမှု ပမာဏများပြား
ခိုနူမ်းသုန်

ခိုနူမ်းသုန် via Myan.News

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

၁၁ စက်တင်ဘာ ၂၀၂၅လွန်ခဲ့သော တစ်လ က သတင်း

(006SV)

မရာချင်းလက်နက်ကိုင် နှစ်ဖွဲ့တို့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေသည့် မရာဒေသတွင် ကျေးရွာ ၄ ရွာက စစ်ဘေးရှောင် ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက တစ်အိမ်ထောင်ကို ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ကူညီကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်က ချင်းပြည်(Chinland) အစိုးရ၊ လူသားချင်စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာနက IMC/ CDF – မရာအဖွဲ့၏ တာဝန်ရှိသူများမှတစ်ဆင့် စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ကူညီခြင်းဖြစ်သည်ဟု IMC/ CDF – မရာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“AA နဲ့ MDF က ထိုးစစ်ဆင်လာလို့ CDF – မရာဌာနချုပ်ရှိတဲ့ အနီးတဝိုက်က ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင် ကြရတဲ့အတွက် အခက်အခဲရှိနေပါတယ်။ ဒီလို စစ်ဘေးရှောင်ကြရတဲ့အခါမှာ မရာလဲန်းကောင်စီကနေ စစ်ဘေးရှောင်တွေအတွက် တင်ပြတောင်းဆိုတာ ရှိတယ် ဒါကို အစားအသောက်တွက်သော်လည်းကောင်း၊ ဆေးဝါးအတွက်သော်လည်းကောင်း ၊ နေထိုင် ရေးအတွက်သော်လည်းကောင်း အခက်အခဲရှိနေလို့ ချင်းပြည်အစိုးရ၊ လူသားစာနာက ကူညီပံ့ပို့ပေးတာ ဖြစ်ပါတယ်” ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မရာဒေသတွင် မရာချင်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် IMC/ CDF – မရာ နှင့် MTC/ MDF တို့ကြား စစ်ရေးပဋိပက္ခသည် နှစ်လကျော်ရှိလာပြီး IMC/ CDF – မရာဌာနချုပ်အနီးက ဖါရ်တလန်၊ ခွာပီးလူ၊ လာအိုနှင့် ငဖိုင်ပီး(ခ) ကျေးရွာက ဒေသခံ ပြည်သူများသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

ငါးနှစ်အောက် ကလေးငယ် ၁၀၀ နီးပါး၊ ကိုယ်ဝန်ဆောင်မိခင် ၃၀ နီးပါး အပါအဝင် အိမ်ထောင်စု ၁၄၇ စု၊ ဒေသခံပြည်သူ ၇၉၈ ဦးသည် မရာလက်နက်ကိုင် နှစ်ဖွဲ့ ပဋိပက္ခကြောင့် ငါဖိုင်သဲကျေးရွာ၊ လောက်တူဒေသနှင့် တောတောင်များထဲတွင် စစ်ဘေးရှောင် နေရသည်ဟု သိရသည်။

“တိုက်ပွဲကာလက ဘယ်တော့ ပြီးမလဲ ပြောလို့ မရသေးဘူး။ အခုတိုက်ပွဲဖြစ်တာက ၂ လကျော်ပြီ။ သူတို့(စစ်ဘေးရှောင်)မှာ အခက်အခဲ ရှိနေတယ်။ အဲဒါကြောင့်မို့လို ချင်းပြည်အစိုးရဝန်ကြီးဌာနက ကူညီတာ အတော်ဝမ်းသာကြတယ်။ ဒါပေမယ့် လိုအပ်နေတာတွေက မပြည့်စုံသေးဘူး” ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စက်တင်ဘာလ ၈ ရက် မနက်ပိုင်းကလည်း MDF နှင့် CDF – မရာတို့သည် မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်ဟု IMC/ CDF – မရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယင်းထိတွေ့တိုက်ပွဲတွင် MDF ဘက် တစ်ဦ ကျဆုံးပြီး ၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု IMC/ CDF – မရာက ပြောသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

မရာအချင်းချင်း တိုက်ပွဲများနှင့်ပတ်သက်၍ MTC/ MDF ဘက်ကို ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

ဇူလိုင်လ ၁၄ ရက်မှစတင်၍ MDF နှင့် ပူးပေါင်းတပ်ဖွဲ့က CDF – မရာဌာနချုပ် ဧရိယာသို့ ထိုးစစ်ဆင်လာရာ နှစ်ဖက်စစ်ရေး တင်းမာနေကြပြီး ယနေ့အထိ နှစ်လဝန်းကျင်တွင် ထိတွေတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေလျက် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

မရာဒေသတိုက်ပွဲတွင် အာရက္ခတပ်တော် ULA/ AA က MTC/ MDF ဘက်ကို စစ်ရေးအကူအညီများ ပေးနေသည်ဟု IMC/ CDF – မရာက ပြောဆိုနေသော်လည်း ULA/AA က ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

IMC/ CDF – မရာသည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ဖြစ်ပြီး MTC/ MDF သည် ICNCC နှင့် ချင်းညီနောင်အဖွဲ့ ဝင်ဖြစ်သည်။