ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ်

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ရေတာရှည်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုသိမ်းပိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဖားကန့်ရှိ KIA တပ်မဟာ ၉ တပ်ရင်း ၆ ကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ပြီး စစ်ကြောင်းထိုး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
စစ်ကော်မရှင်လက်အောက်ခံ စသုံးလုံး လက်ထောက်စုံစမ်းရေးမှူး ၉၀ နေရာ ခေါ်ယူ၊ ဖိနှိပ်ရေးနှင့် သတင်းထောက်လှမ်းရေး အင်အားဖြည့်တင်းခြင်းဟု သုံးသပ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ကပစ ၁၆ ၏ အရေးကြီး ကာကင်းစခန်းများ အသိမ်းခံရပြီးနောက် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ အုပ်စုလိုက်ပြန်ဆင်းလာနေရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ထိုင်းတွင် စီးပွားရေးကျဆင်းနေသော်လည်း Shopee၊ Lazada၊ Tiktok ကဲ့သို့ အွန်လိုင်းဈေးကွက်တွင် ဘီယီယံချီဝယ်ယူမှုမြင့်တက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဆာနေးတာကိုင်ချီ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဟားခါးမြို့နယ်ရှိ ဇာထာလ်ရွာ စာသင်ကျောင်း ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်း တိုက်ခိုက်ခံရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဒီဇင်ဘာတွင်ရွေးကောက်ပွဲရှိသဖြင့် စစ်ကော်မရှင်၏ စစ်ကျောင်းများစောဆင်းမည်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
တရုတ်စစ်လေယာဉ်က တောင်တရုတ်ပင်လယ်ပေါ်မှာ သြစတြေးလျ ကင်းလှည့်လေယာဉ်ရဲ့ဘေး ကပ်လျက်ပျံသန်းပြီး ရန်စ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
စစ်ကိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်ကော်မရှင်မှ ထိုးစစ်ဆင်၍ ကြံ့ခိုင်ရေးပါတီက စည်းရုံး ရေးဆင်းနေ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးအရ တန်ပြန်မှုများလုပ်ဆောင်
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ် via Myan.News

စစ်ကိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်ကော်မရှင်မှ ထိုးစစ်ဆင်၍ ကြံ့ခိုင်ရေးပါတီက စည်းရုံး ရေးဆင်းနေ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးအရ တန်ပြန်မှုများလုပ်ဆောင်

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်အတွက် စစ်ကော်မရှင်က မြေပြင်၊ ဝေဟင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်၍ ၎င်းကျောထောက်နောက်ခံ ပြုထားသော ကြံ့ခိုင်ရေးပါတီက အဓိကမဲဆွယ်ကာ စည်းရုံးရေးဆင်းနေကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း(၁) ကြေညာ ထားသော မြို့နယ်များတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၂ မြို့လည်း ပါဝင်နေပြီး ထိုဒေသများသည် တိုက်ပွဲ ဖြစ်ပွားနေသဖြင့် နယ်မြေတည်ငြိမ်မှုမရှိကြောင်း သိရသည်။

“စစ်ကိုင်းတိုင်းထဲမှာ နေရာတိုင်းလိုလို တိုက်ပွဲတွေဖြစ်တယ်။ မြေပြင်မှာ သူတို့စစ်ကြောင်း ထိုးတာ တွေရှိတယ်။ အထူး သဖြင့် လေကြောင်းပေါ့” ဟု စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း ဂျိုင်ရိုကော်ပတာများ နေ့တိုင်းပျံသန်းပြီး ပါရာမော်တာများ၊ Y-12 နှင့် ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများသည်လည်း အကြိမ်ရေစိပ်လာကာ လေကြောင်းမှ ခြိမ်းခြောက် မှုသည်လည်း ပိုမိုများလာကြောင်း ၎င်းက ဆက်လက်ဆိုသည်။

စစ်ကော်မရှင်၏ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် ၎င်းတို့ ရွေးကောက်ပွဲ နီးကပ် လာသည်နှင့်အမျှ ပိုမိုအရှိန်မြှင့်လာပြီး စစ်ကိုင်းအပါအဝင် မြန်မာပြည်အလယ်ပိုင်းကို လေကြောင်း ဗျူဟာပြောင်း တိုးမြှင့်တိုက်ခိုက်လာကြောင်း သိရသည်။

စစ်ကော်မရှင်သည် မကြာမီ ပြုလုပ်သွားမည့်ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၂ မြို့တွင် မြို့ပေါ်များ၌ မဲစာရင်းများ လိုက်လံကပ်ထားပြီး ကျေးလက်များကိုမူ လက်လွှတ်ထားရကြောင်း တော်လှန်ရေး အင်အားစုများ၏ ပြောကြားချက်အရ သိရသည်။

ယင်းအပြင် ခုခံတော်လှန်မှုများ အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ မဖြစ်အောင် အင်အားစုများ ပေါင်းစပ်၍ နိုင်ငံရေး နည်းလမ်းဖြင့် တုံ့ပြန်နေကြောင်း စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ဆိုသည်။

“စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွက် ကြားကာလ ခြေ/ဥရေးတာ၊ အစိုးရဖွဲ့စည်းတာ၊ ဖက်ဒရယ် စနစ်တစ်ခုကို တည်ဆောက်ခြင်းဟာလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံရေး နည်းလမ်းအရ တုံ့ပြန်တာပဲ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါမြို့နယ် ၁၂ မြို့နယ်မှာ အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းအပါအဝင် ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ တမူး၊ မုံရွာ၊ ရွှေဘိုနှင့် ဟုမ္မဟင်းတို့ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ကောက်ယူခဲ့သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာလည်း နာဂဒေသ သုံးမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များတွင် ခန့်မှန်းလူဦးရေသာ ထည့်သွင်းထားရခြင်းသည် ယင်းဒေသ များ၏ မတည်ငြိမ်မှုကို ပြသလျက်ရှိသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၌ စစ်ကော်မရှင်၏ အရေးပါသော ဗိုလ်ချုပ်ကြီးနှစ်ဦး ဝင်ပြိုင်မည်ဖြစ်ပြီး အထူးသဖြင့် ကြံ့ခိုင်ရေးပါတီက အဓိကမြေပြင်လှုပ်ရှားမှုများ လုပ်လာသော်လည်း ကျေးလက်များ တွင်မူ မလုပ်နိုင်ကြောင်း ဦးစိုးဝင်းဆွေက ဆိုသည်။

“ရွေးကောက်ပွဲ ဖြစ်ချင်တော့ စစ်ရေးအရ လက်နက်ကြီးနဲ့ လေကြောင်း အားသာမှုကို ယူပြီးတော့ လုပ်လာတာရှိတယ်။ ဒါပေမယ့် ထိထိရောက်ရောက်တော့ တော်လှန်ရေး နယ်မြေတွေကို ထိုးစစ် ဆင်နိုင်တာမျိုးတော့ မရှိသေးဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကော်မရှင်ကမူ ၎င်းတို့ရွေးကောက်ပွဲ နီးလာ၍ စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးလုပ်ငန်းများကို မပေါ့မလျော့ဘဲ ပူးပေါင်းဆောင်ရွက်ရန် ယခုရက်ပိုင်းအတွင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး စစ်ရေးထိုးစစ်နှင့်အတူ စစ်ရှောင်စာရင်းများ ကောက်ယူနေကြောင်း သိရသည်။

The post စစ်ကိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်ကော်မရှင်မှ ထိုးစစ်ဆင်၍ ကြံ့ခိုင်ရေးပါတီက စည်းရုံး ရေးဆင်းနေ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးအရ တန်ပြန်မှုများလုပ်ဆောင် appeared first on Ayeyarwaddy Times.