ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ်

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ရေတာရှည်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုသိမ်းပိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဖားကန့်ရှိ KIA တပ်မဟာ ၉ တပ်ရင်း ၆ ကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ပြီး စစ်ကြောင်းထိုး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
စစ်ကော်မရှင်လက်အောက်ခံ စသုံးလုံး လက်ထောက်စုံစမ်းရေးမှူး ၉၀ နေရာ ခေါ်ယူ၊ ဖိနှိပ်ရေးနှင့် သတင်းထောက်လှမ်းရေး အင်အားဖြည့်တင်းခြင်းဟု သုံးသပ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ကပစ ၁၆ ၏ အရေးကြီး ကာကင်းစခန်းများ အသိမ်းခံရပြီးနောက် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ အုပ်စုလိုက်ပြန်ဆင်းလာနေရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ထိုင်းတွင် စီးပွားရေးကျဆင်းနေသော်လည်း Shopee၊ Lazada၊ Tiktok ကဲ့သို့ အွန်လိုင်းဈေးကွက်တွင် ဘီယီယံချီဝယ်ယူမှုမြင့်တက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဆာနေးတာကိုင်ချီ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဟားခါးမြို့နယ်ရှိ ဇာထာလ်ရွာ စာသင်ကျောင်း ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်း တိုက်ခိုက်ခံရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဒီဇင်ဘာတွင်ရွေးကောက်ပွဲရှိသဖြင့် စစ်ကော်မရှင်၏ စစ်ကျောင်းများစောဆင်းမည်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
တရုတ်စစ်လေယာဉ်က တောင်တရုတ်ပင်လယ်ပေါ်မှာ သြစတြေးလျ ကင်းလှည့်လေယာဉ်ရဲ့ဘေး ကပ်လျက်ပျံသန်းပြီး ရန်စ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
စစ်ကိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်ကော်မရှင်မှ ထိုးစစ်ဆင်၍ ကြံ့ခိုင်ရေးပါတီက စည်းရုံး ရေးဆင်းနေ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးအရ တန်ပြန်မှုများလုပ်ဆောင်
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ် via Myan.News

ရေတာရှည်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုသိမ်းပိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ အောက်တိုဘာ ၂၁ ရက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ယမန်နေ့အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ရှိတပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွာသစ်ရွာတွင် တပ်ဖွဲ့ဝင်အင်အား ၆၀ ဝန်းကျင်ဖြင့် စခန်းချတပ်စွဲထားသော စစ်ကော်မရှင်တပ်သည် ထိုသို့တိုက်ခိုက်ခံရမှုကြောင့် တပ်ရင်းမှူးအပါအဝင် ၁၅ ဦးသေဆုံးပြီး နှစ် ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်တပ်ဖွဲ့ဝင်များလည်း အထိနာကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်/လကတ-၂၀၂၉) ကိုမူ အရှင်လက်ရဖမ်းဆီးမိသော်လည်း ပစ္စတိုထုတ်၍ ခုခံမှုပြုလုပ်သည့်အတွက် ပြန်လည်ပစ်ခတ်ခဲ့ရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါရွာသစ်ကျေးရွာရှိ စစ်ကော်မရှင်အထိုင်စခန်းနှင့် ရွာတွင်းရှိကင်းစခန်းများအားလုံးကို တော်လှန် ရေးတပ်ဖွဲ့များက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ် မှုများကြားတွင် ပိတ်မိနေသည့် ဒေသခံများကိုလည်း တိုက်ပွဲလွတ်ရာသို့ ကယ်ထုတ်ပေးနိုင်ခဲ့‌ကြောင်း သိရသည်။

ထို့ပြင်စစ်ကော်မရှင်ထံမှ ဒရုန်းဂျမ်မာ(ရေဒီယိုလှိုင်းနှောက်စက်) အထိုင်စက်ကြီး တစ် လုံး၊ MA-11 တစ် လက်၊ MA-3 တစ် လက်၊ G-3 သုံး လက်၊ ၆၀-မမ တစ် လက်၊ ပစ္စတို တစ် လက်အပါအဝင် ကျည်‌မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်ဘက်မှ စစ်ကူများဖြည့်ကာ ပြန်လည်စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး အနီးနားစစ်တောင်းမြစ်ကမ်းဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြပါရန်လည်း နေပြည်တော်တိုင်းစစ်ဌာနက သတိပေး ထားသည်။

ဓာတ်ပုံ – Nay Pyi Taw PDF

The post ရေတာရှည်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုသိမ်းပိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ appeared first on Ayeyarwaddy Times.