ဒီဇင်ဘာတွင်ရွေးကောက်ပွဲရှိသဖြင့် စစ်ကော်မရှင်၏ စစ်ကျောင်းများစောဆင်းမည်
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်အာဏာရှင်များမွေးထုတ်ပေးရာကျောင်းဖြစ်သော စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲများကို ရှေ့တိုး၍ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ( ၆၇ ) နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် ( ၂၇ ) တို့အတွက် သင်တန်းဆင်းပွဲကို နိုဝင်ဘာလတွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ရှိ ကိုးကိုးကျွန်းမြို့နှင့် ဧရာဝတီတိုင်းရှိ ပုသိမ်မြို့သို့သွားရောက်ပြီး စစ်ကောင်စီအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများကိုတွေ့ဆုံမှုများ ပြုလုပ်နေသည်။
ပြင်ဦးလွင်မြို့ကိုခေတ်မီမြို့တော်အဖြစ်ပြောင်းလဲလိုသောစစ်ကောင်မရှင်က မန္တလေး – လားရှိုးလမ်းမကြီးပေါ်ရှိ ဈေးဆိုင်များကိုမှန်နှင့်အလူမီနီယံများတပ်ဆင်ခိုင်းခြင်း၊ အနီးစခန်းလေးဆိပ်ပြုပြင်ခြင်းတို့ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) နှင့် ဒီဇင်ဘာ ၁၂ ရက်တွင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းခဲ့သည်။
The post ဒီဇင်ဘာတွင်ရွေးကောက်ပွဲရှိသဖြင့် စစ်ကော်မရှင်၏ စစ်ကျောင်းများစောဆင်းမည် appeared first on Ayeyarwaddy Times.