ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ်

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ရေတာရှည်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုသိမ်းပိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဖားကန့်ရှိ KIA တပ်မဟာ ၉ တပ်ရင်း ၆ ကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ပြီး စစ်ကြောင်းထိုး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
စစ်ကော်မရှင်လက်အောက်ခံ စသုံးလုံး လက်ထောက်စုံစမ်းရေးမှူး ၉၀ နေရာ ခေါ်ယူ၊ ဖိနှိပ်ရေးနှင့် သတင်းထောက်လှမ်းရေး အင်အားဖြည့်တင်းခြင်းဟု သုံးသပ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ကပစ ၁၆ ၏ အရေးကြီး ကာကင်းစခန်းများ အသိမ်းခံရပြီးနောက် အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ အုပ်စုလိုက်ပြန်ဆင်းလာနေရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ထိုင်းတွင် စီးပွားရေးကျဆင်းနေသော်လည်း Shopee၊ Lazada၊ Tiktok ကဲ့သို့ အွန်လိုင်းဈေးကွက်တွင် ဘီယီယံချီဝယ်ယူမှုမြင့်တက်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဆာနေးတာကိုင်ချီ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဟားခါးမြို့နယ်ရှိ ဇာထာလ်ရွာ စာသင်ကျောင်း ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်း တိုက်ခိုက်ခံရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဒီဇင်ဘာတွင်ရွေးကောက်ပွဲရှိသဖြင့် စစ်ကော်မရှင်၏ စစ်ကျောင်းများစောဆင်းမည်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
တရုတ်စစ်လေယာဉ်က တောင်တရုတ်ပင်လယ်ပေါ်မှာ သြစတြေးလျ ကင်းလှည့်လေယာဉ်ရဲ့ဘေး ကပ်လျက်ပျံသန်းပြီး ရန်စ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
စစ်ကိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်ကော်မရှင်မှ ထိုးစစ်ဆင်၍ ကြံ့ခိုင်ရေးပါတီက စည်းရုံး ရေးဆင်းနေ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးအရ တန်ပြန်မှုများလုပ်ဆောင်
ဧရာဝတီတိုင်းမ်

ဧရာဝတီတိုင်းမ် via Myan.News

စစ်ကော်မရှင်လက်အောက်ခံ စသုံးလုံး လက်ထောက်စုံစမ်းရေးမှူး ၉၀ နေရာ ခေါ်ယူ၊ ဖိနှိပ်ရေးနှင့် သတင်းထောက်လှမ်းရေး အင်အားဖြည့်တင်းခြင်းဟု သုံးသပ်

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

စစ်ကော်မရှင်လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) သည် လစ်လပ်နေသော လက်ထောက်စုံစမ်းရေးမှူး ရာထူး ၉၀ နေရာအတွက် ဝန်ထမ်းများ ခေါ်ယူခဲ့ပြီး ယင်းသို့ခေါ်ယူမှုသည် ပြည်သူကို ဖိနှိပ်ရန်နှင့် တော်လှန်ရေး သတင်းများ စုဆောင်းရန်အတွက် အင်အားဖြည့်တင်းခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

စသုံးလုံးဌာနတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း လက်ထောက်စုံစမ်းရေးမှူး ရာထူးနေရာများစွာ ခေါ်ယူပြီး ၂၀၂၄ ဇန်နဝါရီတွင် လက်ထောက်စုံစမ်းရေးမှူး ရာထူး ၆၅ နေရာ ခေါ်ယူခဲ့သည်။

စသုံးလုံး ဌာနသည် ၎င်း၏ မူလတာဝန်များအနက် “နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများ စုဆောင်းတင်ပြရေး” ကိုသာ ပိုမိုအာရုံစိုက်လာပြီး ယခုကဲ့သို့ အင်အားတိုးမြှင့်ခြင်းမှာ တော်လှန်ရေး သတင်းများထောက်လှမ်းရန်၊ ပြည်သူလူထုကိုဖိနှိပ်ရေးယန္တရားဖြင့်အရေးယူနိုင်ရန်၊ စစ်ကော်မရှင်၏ အုပ်ချုပ်ရေး ယန္တရား ထိန်းချုပ်ရန် စသည့်ရည်ရွယ်ချက်များကို ပိုမိုလုပ်ဆောင်လာကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

“”မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စသုံးလုံးက နိုင်ငံရေးအရ အရေးပါတဲ့ဌာနတစ်ခုအဖြစ် မြင့်တက်လာတယ်။ စစ်ကော်မရှင် အာဏာတည်မြဲရေးအတွက် ထောက်လှမ်းစုံစမ်းမှု အပိုင်းကို အဓိကထားပြီး ပိုလုပ်လာတာ တွေ့ရတယ်” ဟု လေ့လာသုံးသပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်တွင် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ကို နောက်ဆုံးအကြိမ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စုစုပေါင်းဝန်ထမ်းအင်အား ၂,၈၄၆ ဦး အထိ ရှိခဲ့သည်။

စသုံးလုံးသည် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့် ဆက်စပ်သူများနှင့် ငွေကြေးထောက်ပံ့မှုများကို ထောက်လှမ်းစုံစမ်းခြင်း၊ CDM တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ထောက်ပံ့သူများကို ဖော်ထုတ် အရေးယူခြင်း၊ စစ်ကော်မရှင်ကို ဝေဖန်သူများ၊ တော်လှန်ရေးသတင်းများ ဖြန့်ဝေသူများ (အထူးသဖြင့် လူမှုကွန်ရက်သုံးစွဲသူများ) ကို ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၊ ဆက်သွယ်ရေး ဥပဒေ စသည်တို့ဖြင့် တရားစွဲဆိုနိုင်ရန်အတွက် အချက်အလက် စုဆောင်းခြင်းများ လုပ်ဆောင်လာသည်။

ပုံစာ-စသုံးလုံး ဥပဒေဘာသာရပ် အထူး သင်တန်းတွင်တွေ့ရသည့် သင်တန်းသားများ။ (ပုံဟောင်း)

The post စစ်ကော်မရှင်လက်အောက်ခံ စသုံးလုံး လက်ထောက်စုံစမ်းရေးမှူး ၉၀ နေရာ ခေါ်ယူ၊ ဖိနှိပ်ရေးနှင့် သတင်းထောက်လှမ်းရေး အင်အားဖြည့်တင်းခြင်းဟု သုံးသပ် appeared first on Ayeyarwaddy Times.