ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ယင်းမာပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ထားဝယ်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်မည်ဖြစ်၍ ပြည်သူများ လုံးဝပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် တပ်ပေါင်းစု အသိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ အသက် ၆ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး အပါဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြော
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ပိုမိုကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ဟု ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးက အာဆီယံအစည်းအဝေးတွင် သတိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
မြန်မာအကြမ်းဖက်စစ်တပ်က နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဟု နိုင်ငံတကာသို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး
ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ via Myan.News

မြန်မာအကြမ်းဖက်စစ်တပ်က နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဟု နိုင်ငံတကာသို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာအကြမ်းဖက်စစ်တပ်က နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဟု နိုင်ငံတကာသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလပ်သော အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ(ပထမကော်မတီ)၏ နျူက လီးယားလက်နက်ဖျက်သိမ်းရေး ဆိုင်ရာ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယင်းသို့ သတိပေးခြင်းဖြစ်သည်။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရန်ဟူသော အယူအဆသည် အကြမ်းဖက်စစ်အုပ်စုနှင့် အပြန်အလှန် ဆန့် ကျင်ဘက်ဖြစ်ကြောင်း၊ အပန်းဖြေရာတွင် အသုံးပြုသည့် ပါရာမော်တာများကိုပင် အရပ်သားများအပေါ်လက်နက်အဖြစ် အသုံးပြုသည့်စစ်တပ်သည် နျူကလီးယားစွမ်းအင်ကိုလည်းလက်နက်အဖြစ်အသုံးပြုလိမ့်မည်ဖြစ်ကြောင်း သံအမတ်ကြီးက သတိပေးသည်။

စစ်အုပ်စုက ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပံ့ပိုးမည့် မည်သည့် နိုင်ငံတကာအထောက်အပံ့ သို့မဟုတ် အကူအညီပေးမှုများသည် စစ်အုပ်စု၏ အန္တရာယ်ရှိသော နျူကလီးယား ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရန် တစ်ဆင့်တိုး၍ နီးကပ်သွားစေမည်ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်း သတိပေးသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်၌ TPNW၊ နျူကလီးယား ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CNS)၊ နျူကလီးယားပစ္စည်းများ ရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကွန်ဗင်းရှင်း (CPPNM) နှင့် CTBT တို့ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ TPNW ကို အတည်ပြုရန်၊ IAEA ၏ နောက်ဆက်တွဲစာချုပ်ကိုအသက်ဝင်စေရန်နှင့် Modified Small Quantity Protocol-MSQP ကို လိုက်နာမည့် မိမိတို့၏အစီအစဉ်အားလုံးသည် ၂၀၂၁ ခုနှစ် တရားမဝင်အကြမ်းဖက်စစ်အာဏာသိမ်းမှုကြောင့်ပျက်စီးသွားခဲ့ရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားများအပေါ် ရာဇဝတ်မှုများနှင့် ပစ်မှတ်ခွဲခြားခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများတိုးမြှင့်ကျူးလွန်လာနေချိန်တွင် စစ်အုပ်စုက နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံနှင့်ပူးပေါင်း၍ “နျူကလီးယားစွမ်းအင် အစီအစဉ်” ဟု အမည်တပ် ဆောင်ရွက်နေမှုအပေါ် အလေးအနက် စိုးရိမ်မိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့အရေး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်အပြင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များစွာကို ချိုးဖောက်နေသော အကြမ်းဖက်စစ်တပ်သည် IAEA ၏ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းများကိုလည်း ချိုးဖောက်လိမ့်မည်ဖြစ်ကြောင်း၊​ တရားမဝင် လက်နက်ဝယ်ယူရေးလုပ်ငန်းများကို လွယ်ကူစေရန် လုပ်ပေးနေသော စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံများသည် တရားမဝင်နျူကလီးယားလုပ်ငန်းများကိုလည်း လွယ်ကူစွာ လုပ်ကြလိမ့်မည်ဖြစ်ကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ ရှင်းလင်း ပြောဆိုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်ထံသို့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အခြားစစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဆင်းမှုကို ဖြတ်တောက်ကြပါရန် အဖွဲ့ဝင်နိုင်ငံများအားလုံးကို သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

The post မြန်မာအကြမ်းဖက်စစ်တပ်က နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဟု နိုင်ငံတကာသို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး appeared first on Khit Thit Media.