ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ယင်းမာပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ထားဝယ်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်မည်ဖြစ်၍ ပြည်သူများ လုံးဝပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် တပ်ပေါင်းစု အသိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ အသက် ၆ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး အပါဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြော
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ပိုမိုကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ဟု ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးက အာဆီယံအစည်းအဝေးတွင် သတိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
မြန်မာအကြမ်းဖက်စစ်တပ်က နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဟု နိုင်ငံတကာသို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး
ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ via Myan.News

မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ပိုမိုကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ဟု ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးက အာဆီယံအစည်းအဝေးတွင် သတိပေး

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမှုကြောင့် ပိုမိုကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဩစတြေးလျအစိုးရလက် ထောက်ဝန်ကြီးဂျော့ရှ် ဝီလ်ဆင် က အာဆီယံအစည်းအဝေးတွင် သတိပေးလိုက်သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံ အရှေ့အာရှ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်ပြီး ဂျော့ရှ် ဝီလ်ဆင်သည် ဩစတြေးလျအစိုးရ၏ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင် နှင့် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ လက်ထောက်ဝန်ကြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်စဲရေး၊ မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီများ ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိ ရရှိစေရေး၊ စစ်မှန်သော အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရေး အတွက် ဩစတြေးလျနိုင်ငံက ထပ်လောင်းတောင်းဆိုကြောင်း ၊ ထိုအခြေအနေများ မပြည့်စုံဘဲ ရွေးကောက်ပွဲများ ကျင်းပခြင်းသည် ပိုမိုကြီးမားသော မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဩစတြေးလျအစိုးရလက် ထောက်ဝန်ကြီးဂျော့ရှ် ဝီလ်ဆင် သတိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ဩစတြေးလျအစိုးရ လက် ထောက်ဝန်ကြီးဂျော့ရှ် ဝီလ်ဆင်၏ ပြောကြားချက်မှာ မြန်မာပြည်သူများအတွက် အလွန်အဓိပ္ပာယ်ရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော မြန်မာစစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် အစုလိုက် အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းမှုများ၏ အခြေအနေမှန်ကို အသိအမှတ်ပြုခြင်း၊ အသက်ကယ် လူသားချင်းစာနာမှုအကူအညီများ ရရှိရေးကို ထောက်ခံအားပေးခြင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက် (Five-Point Consensus) ကို လက်တွေ့ကျကျ အားဖြည့်ပေးခြင်း နှင့် အာဏာရူး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံတကာက တရားဝင်အဖြစ် အသိအမှတ်ပြုခြင်းမှ တားဆီးရာတွင် အကူအညီဖြစ်စေခြင်း တို့ကို ဖော်ပြနေကြောင်း သတင်းထုတ်ပြန်သည်။

The post မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ပိုမိုကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ဟု ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးက အာဆီယံအစည်းအဝေးတွင် သတိပေး appeared first on Khit Thit Media.