ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် ပြည်သူများက အကြမ်းဖက် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ရွေးကောက်ပွဲတွင် မပါဝင်ကြရန်နှင့် ရွေးကောက်ပွဲတွင် ပါဝင်ကူညီသူများအား ပြင်းထန်စွာ အရေးယူရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
The post ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ် appeared first on Khit Thit Media.