ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
ယင်းမာပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ထားဝယ်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်မည်ဖြစ်၍ ပြည်သူများ လုံးဝပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် တပ်ပေါင်းစု အသိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ အသက် ၆ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး အပါဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြော
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ပိုမိုကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ဟု ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးက အာဆီယံအစည်းအဝေးတွင် သတိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
မြန်မာအကြမ်းဖက်စစ်တပ်က နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဟု နိုင်ငံတကာသို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး
ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ via Myan.News

ထားဝယ်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်မည်ဖြစ်၍ ပြည်သူများ လုံးဝပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် တပ်ပေါင်းစု အသိပေး

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း

ရန်ကုန်၊ အောက်တိုဘာ ၂၂

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်မည်ဖြစ်၍ ပြည်သူများ လုံးဝ ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတဝှမ်းရှိ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ အရွယ်ရောက်ပြီး လူငယ်များကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်း စသည့်လုပ်ရပ်များကို ယနေ့ အချိန်အထိရက်စက်ကြမ်းကြုပ်စွာ ပြုလုပ်လျှက်ရှိကြောင်း၊ သို့ရာတွင် ထိုကဲ့သို့ရက်စက်ကြမ်းကြုပ်မှုများ နေ့စဉ်ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုသည် လာမည့်ဒီဇင်ဘာလအတွင်း နိုင်ငံတဝှမ်း၌ ဟန်ပြရွေးကောက်ပွဲပြုလုပ်၍ နိုင်ငံရေးထွက်ပေါက်ရရန်ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်အာဏာရှင်များကို သက်ဆိုးရှည်စေရန် ထွက်ပေါက်ရှာ ပြုလုပ်မည့် ဟန်ပြရွေးကောက်ပွဲ အစီအစဉ်ကို ထားဝယ်ခရိုင် အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့၊ အင်အားစုများအနေဖြင့် နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်သွားကြရန်နှင့် ပြည်သူများ အနေဖြင့် လုံးဝ ပါဝင်ပက်သက်ခြင်း မပြုကြရန် ထားဝယ်ခရိုင်တပ်ပေါင်းစုက အလေးအနက်တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

ထို့ကြောင့် ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲ အစီစဉ်အား(လုံးဝ)လက်မခံကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့်တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

“လွပ်လပ်လုံခြုံမှု အတိုင်းအတာ တစ်ခုအထိရှိပြီး နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသုံးသပ်သူတွေရော ပွင့်လင်းမြင်သာစွာနဲ့ကျင်းပနိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲရလာဒ်ကို လက်မခံဘဲ ကလိန်ကကျစ်လုပ် အာဏာဝင်လုခဲ့တဲ့ကောင်တွေက တနိုင်ငံလုံး တိုက်ပွဲတွေဖြစ် မြို့ပေါ်တွေအထိဖြစ်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေစည်းမရှိကမ်းမရှိ ကျချင်ရာကျ ကျဲချင်ရာကျဲနေချိန် တနိုင်ငံလုံးကမောက်ကမဖြစ်နေချိန် ခွေးတိုးပေါက်ရှာတာ နိုင်ငံရေးခွေးတိုးပေါက်ကနေဖောက်ထွက်လို့ရလိုရငြားလုပ်တာ နိုင်ငံရေးထွက်ပေါက်ပိတ်နေလို့ တနိုင်ငံလုံးနေရာအနှံ့တော်လှန်နေတဲ့အချိန် ဒီလိုအနေထားမျိုးမှာဘယ်လိုလုပ်ပြီး ပွင့်လင်းမြင်သာပြီးတရားမျှတမှုရှိမယ့် ရွေးကောက်ပွဲဖြစ်လာမှာလဲ ဒီကောင်တွေက လာထည့်သမားမရှိရင် လက်နက်အားကိုးခြိမ်းခြောက်ပြီးထည့်ခိုင်းမှာ ဒီလိုစစ်ခွေးတွေလုပ်ချင်းရာလုပ်မယ့်ရွေးကောက်ပွဲမျိုးကို အသိဉာဏ်ရှိတဲ့ဒီနိုင်ငံသားတိုင်းကဘယ်နည်းနဲ့မှလက်ခံနိုင်စရာမရှိဘူး ရှင်းရှင်းပြောရရင် အဲဒီကောင် မအလမှာ ရွေးကောက်ပွဲလုပ်ခွင့်တောင်မရှိဘူး။ မအလရဲ့ဟန်ပြရွေးကောက်ပွဲကို တိုက်ဖျက်ကြဖို့တိုက်တွန်းလိုပါတယ်” ဟု ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေး တာ၀န်ခံ ရဲဘော်ရှဲဒိုးက ဆက်လက် ပြောဆိုသည်။

စစ်မိစ္ဆာမင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်အုပ်စုသည် လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာစွာကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်ကို ဆန့်ကျင်ကာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ရွေးကောက်ပွဲအနိုင်ရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကိုဖမ်းဆီး၍ မတရားအာဏာလုယူခဲ့ပြီး ယနေ့အချိန်အထိနိုင်ငံတဝှမ်း၌ စစ်မီးတောက်လောင်လျက်ရှိကြောင်း သိရသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ဖွံ့ဖြိုးဆဲဖြစ်သည့်နိုင်ငံသည် စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားခဲ့ပြီး အာဏာရူး မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စု၏ ထင်တိုင်းကျဲ ရက်စက်ယုတ်မာမှုများကြောင့် တနိုင်ငံလုံးရှိ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ရာထောင်ချီ ရက်ရက်စက်စက်အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

The post ထားဝယ်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်မည်ဖြစ်၍ ပြည်သူများ လုံးဝပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် တပ်ပေါင်းစု အသိပေး appeared first on Khit Thit Media.