ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
ယင်းမာပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း
ထားဝယ်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ဖျက်မည်ဖြစ်၍ ပြည်သူများ လုံးဝပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် တပ်ပေါင်းစု အသိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ဘားအံမြို့နယ်၊ ဖားဘော်ရွာလေးရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ အသက် ၆ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး အပါဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်စင်တာများမှ Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ပြီဟု SpaceX က တရားဝင်ထုတ်ပြော
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၉ နာရီ က သတင်း
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲကြောင့် ပိုမိုကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ဟု ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးက အာဆီယံအစည်းအဝေးတွင် သတိပေး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၁၃ နာရီ က သတင်း
မြန်မာအကြမ်းဖက်စစ်တပ်က နျူကလီးယားစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုလိမ့်မည်ဟု နိုင်ငံတကာသို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး
ခေတ်သစ် မီဒီယာ

ခေတ်သစ် မီဒီယာ via Myan.News

မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၈ နာရီ က သတင်း

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ မင်းလက်ပံကျေးရွာထဲကို ပစ်ထည့်တာ အဲတာပြည်သူတွေရှိတဲ့ နေရာကို ကျရောက်ပေါက်ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေးတွေက အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသတို့ကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အသေခံဒရုန်းများ၊ လက်နက်ကြီးများလည်း နေ့စဉ် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

The post မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ပွဲချင်းပြီးသေဆုံး appeared first on Khit Thit Media.