လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ

၉ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း အထူးအစီအစဉ် (နှုတ်ဆက်စကား)
၈ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၉ ရက်)
၈ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၈ ရက်)
၇ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်းကျော် အငတ်ဘေးနဲ့ ကြုံနေရ
၇ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၇ ရက်)
၆ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်
၆ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
၆ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၆ ရက်)
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
KNA ခေါင်းဆောင် စောချစ်သူ နဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ဘေးကာလ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၇၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန်
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
စဉ့်ကူးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
၄ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မတ္တရာမှာ ဗုံးကြဲလို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
၃ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၃ ရက်)
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ဖယ်ခုံမှာ တရုတ်ကုမ္ပဏီ စက်ယန္တရားကြီးတွေနဲ့ သတ္တုတူးဖော်မှု ဒေသခံတွေကန့်ကွက်
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေ
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပစ်ရပ်သက်တမ်း တစ်လ ထပ်တိုး
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၂ ရက်)
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြန်မာနိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာ ရင်ဆိုင်နေရပြီလို့ စစ်ခေါင်းဆောင်ပြော
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ စစ်ကောင်စီ နဲ့ NUG ကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြေလတ်အသံသတင်းထောက် ထောင်ချခံရမှုအပေါ် IMJA ကန့်ကွက်ရှုတ်ချ
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြန်မာကို ကုလအကူအညီပေးရေးစင်္ကြန် ဘင်္ဂလားဒေ့ရှ်လက်ခံ
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြန်မာမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်မှ နျူကလီးယားကိစ္စပြုလုပ်ဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်းတိုက်တွန်း
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၁ ရက်)
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ကြောင့် အင်းဝရှေးဟောင်းအဆောက်အအုံ သုံးပုံနှစ်ပုံခန့်ပျက်စီး
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ရှမ်းပြည်တပ်မတော်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမည်
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး၊ ၃၀ နီးပါး ဒဏ်ရာရ
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားလေးဦးသေဆုံး
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေ မူလကုမ္ပဏီတွေကို ပြန်ပြင်ခိုင်းမည်
လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ via Myan.News

မြန်မာမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်မှ နျူကလီးယားကိစ္စပြုလုပ်ဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်းတိုက်တွန်း

၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဒီမိုကရေစီပြန်လည်ထွန်းကားလာမှ နျူကလီးယားစွမ်းအင် အစီအစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ နိုင်ငံတကာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အကြောင်းပြပြီး စစ်ရေးအတွက် နျူကလီးယား နည်းပညာရရှိရန် ကြိုးပမ်းလာနိုင်တဲ့အပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဧပြီလ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်ဝင်နိုင်ငံတွေရဲ့ ညီလာခံအတွက် အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်တာပါ။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ဘေးအန္တရာယ်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ခွဲခြားမှုမရှိတဲ့ လေကြောင်း နဲ့ လက်နက်ကြီးတိုက်ခိုက်ခြင်း နဲ့ နျူကလီးယားစွမ်းအင်စီမံကိန်း ဖွံ့ဖြိုးရေးကို ပိုမိုအာရုံ စိုက်နေဆဲ ဖြစ်ကြောင်း၊

ငလျင်ဘေးအလွန် လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်အဖြစ် အသုံးချတဲ့ စစ်ကောင်စီဟာ နျူကလီးယားနည်းပညာကိုလည်း လက်နက်အဖြစ် အသုံးချမှာသာ ဖြစ်ကြောင်း၊

ငလျင်သင့်ပြီးချိန် လေယာဉ်ဆီကို တစ်လွဲအသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၂၂၅ ကြိမ်အထိ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီဟာ နျူကလီးယားစွမ်းအင်ကိုလည်း အလွဲသုံးစား ပြုလုပ်ဦးမှာ ဖြစ်ကြောင်းတွေကို ဦးကျော်မိုးထွန်းက အစည်းအဝေးမှာ တင်ပြခဲ့ ပါတယ်။

မြန်မာနိုင်ငံဟာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာ နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကွန်ဗန်းရှင်း နဲ့ နျူကလီးယားပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုကွန်ဗန်းရှင်းတို့ကို ၂၀၁၆ ခုနှစ်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့သလို၊ နျူကလီးယားလက်နက် စမ်းသပ်မှု အလုံးစုံတားမြစ်ရေး စာချုပ် (CTBT) ကို ၂၀၁၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နျူကလီးယားလက်နက်များတားဆီးရေးစာချုပ် (TPNW) ကို ၂၀၁၈ နှစ်မှာ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ဒါပေမယ့် TPNW ကို အတည်ပြုဖို့ ဆောင်ရွက်ချက်တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားခဲ့တာတွေကိုလဲ တင်ပြခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အသက်နဲ့ အနာဂတ်ကို ကယ်တင်ဖို့အတွက် ပြည်သူကိုအကြမ်းဖက်နေတဲ့ စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများ၊ ဂျက်လေယာဉ်ဆီ နဲ့ အရပ်ဘက် စစ်ဘက် နှစ်မျိုးအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ စီးဆင်းမှု မရှိစေရေး ဆောင်ရွက်ပေးကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကိုလည်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ တိုက်တွန်းခဲ့ပါတယ်။