လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ

၉ မေ ၂၀၂၅လွန်ခဲ့သော ၁၃ ရက် က သတင်း
RFA မြန်မာပိုင်း အထူးအစီအစဉ် (နှုတ်ဆက်စကား)
၈ မေ ၂၀၂၅လွန်ခဲ့သော ၁၃ ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၉ ရက်)
၈ မေ ၂၀၂၅လွန်ခဲ့သော ၁၄ ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၈ ရက်)
၇ မေ ၂၀၂၅လွန်ခဲ့သော ၁၅ ရက် က သတင်း
ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်းကျော် အငတ်ဘေးနဲ့ ကြုံနေရ
၇ မေ ၂၀၂၅လွန်ခဲ့သော ၁၅ ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၇ ရက်)
၆ မေ ၂၀၂၅လွန်ခဲ့သော ၁၆ ရက် က သတင်း
ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်
၆ မေ ၂၀၂၅လွန်ခဲ့သော ၁၆ ရက် က သတင်း
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
၆ မေ ၂၀၂၅လွန်ခဲ့သော ၁၆ ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၆ ရက်)
၅ မေ ၂၀၂၅လွန်ခဲ့သော ၁၆ ရက် က သတင်း
KNA ခေါင်းဆောင် စောချစ်သူ နဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
၅ မေ ၂၀၂၅လွန်ခဲ့သော ၁၆ ရက် က သတင်း
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
၅ မေ ၂၀၂၅လွန်ခဲ့သော ၁၇ ရက် က သတင်း
ငလျင်ဘေးကာလ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၇၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန်
၅ မေ ၂၀၂၅လွန်ခဲ့သော ၁၇ ရက် က သတင်း
စဉ့်ကူးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
၄ မေ ၂၀၂၅လွန်ခဲ့သော ၁၈ ရက် က သတင်း
မတ္တရာမှာ ဗုံးကြဲလို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
၃ မေ ၂၀၂၅လွန်ခဲ့သော ၁၈ ရက် က သတင်း
မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ
၂ မေ ၂၀၂၅လွန်ခဲ့သော ၁၉ ရက် က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၃ ရက်)
လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ via Myan.News

ငလျင်ဘေးကာလ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၇၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန်

၅ မေ ၂၀၂၅လွန်ခဲ့သော ၁၇ ရက် က သတင်း

ငလျင်ဘေးကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂၇၆ ဦးရှိကာ ဒဏ်ရာရသူ ၄၅၆ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ၃၁ ဦးပါဝင်ပြီး၊ ဒဏ်ရာရသူထဲမှာ ၄၅ ယောက် ပါဝင်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး တိုက်ခိုက်မှု ၇၃ ကြိမ် ရှိခဲ့ကာ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၅ ဦး ရှိခဲ့ပါတယ်။

ဒုတိယအများဆုံးက မန္တလေးတိုင်းဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အကြိမ်ရေ ၆၁ ကြိမ်ရှိကာ သေဆုံးသူ ၆၅ ဦး၊ ဒဏ်ရာရသူ ၁၁၈ ဦး ရှိပါတယ်။

တတိယအများဆုံးတိုက်ခိုက်ခံရတာက မကွေးတိုင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၂၉ ကြိမ်၊ သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဧရာတီ၊ ပဲခူး၊ ချင်း၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ကယား (ကရင်နီ)၊ ကရင် နဲ့ မွန် စတဲ့ တိုင်း နဲ့ ပြည်နယ်တွေမှာလည်း ဒီကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက် သေဆုံး မှုတွေရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။