လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ

၉ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း အထူးအစီအစဉ် (နှုတ်ဆက်စကား)
၈ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၉ ရက်)
၈ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၈ ရက်)
၇ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်းကျော် အငတ်ဘေးနဲ့ ကြုံနေရ
၇ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၇ ရက်)
၆ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်
၆ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
၆ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၆ ရက်)
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
KNA ခေါင်းဆောင် စောချစ်သူ နဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ဘေးကာလ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၇၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန်
၅ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
စဉ့်ကူးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
၄ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မတ္တရာမှာ ဗုံးကြဲလို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
၃ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၃ ရက်)
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ဖယ်ခုံမှာ တရုတ်ကုမ္ပဏီ စက်ယန္တရားကြီးတွေနဲ့ သတ္တုတူးဖော်မှု ဒေသခံတွေကန့်ကွက်
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေ
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ အပစ်ရပ်သက်တမ်း တစ်လ ထပ်တိုး
၂ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၂ ရက်)
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြန်မာနိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာ ရင်ဆိုင်နေရပြီလို့ စစ်ခေါင်းဆောင်ပြော
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ စစ်ကောင်စီ နဲ့ NUG ကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြေလတ်အသံသတင်းထောက် ထောင်ချခံရမှုအပေါ် IMJA ကန့်ကွက်ရှုတ်ချ
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြန်မာကို ကုလအကူအညီပေးရေးစင်္ကြန် ဘင်္ဂလားဒေ့ရှ်လက်ခံ
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မြန်မာမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်မှ နျူကလီးယားကိစ္စပြုလုပ်ဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်းတိုက်တွန်း
၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ မေ ၁ ရက်)
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ကြောင့် အင်းဝရှေးဟောင်းအဆောက်အအုံ သုံးပုံနှစ်ပုံခန့်ပျက်စီး
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ရှမ်းပြည်တပ်မတော်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမည်
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ကလေးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး၊ ၃၀ နီးပါး ဒဏ်ရာရ
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားလေးဦးသေဆုံး
၃၀ ဧပြီ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း
ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေ မူလကုမ္ပဏီတွေကို ပြန်ပြင်ခိုင်းမည်
လွတ်လပ်တဲ့ အာရှအသံ

လွတ်လပ်တဲ့ အာရှအသံ via Myan.News

မြန်မာနိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာ ရင်ဆိုင်နေရပြီလို့ စစ်ခေါင်းဆောင်ပြော

၁ မေ ၂၀၂၅လွန်ခဲ့သော ၂ လ က သတင်း

မြန်မာနိုင်ငံမှာ အလုပ်သမား ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပြီလို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သဝဏ်လွှာမှာ ပြောဆိုခဲ့ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီး လေးနှစ်အကြာ စစ်ကောင်စီဥက္ကဋ္ဌက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုတာ ဖြစ်ပါတယ်။

ပြည်ပကို သွားရောက်လုပ်ကိုင်တာထက် ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အရေးကြီးတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌပြောသလို မြန်မာနိုင်ငံမှာ ဘယ်သူမှ ဘ၀လုံခြုံမှုမရှိဘူးလို့ မလေးရှားနိုင်ငံကို ဒီနှစ်မှာပဲ အလုပ်လုပ်ဖို့ ထွက်လာတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“စစ်မှုထမ်းဥပဒေတို့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ပြောရရင်တော့ ခေတ်မကောင်းလို့ အဓိက အချက်ကတော့ ခေတ်ပျက်နေလို့ပဲပြောရမှာပေါ့။ ခေတ်ပျက်တာ ဘာကြောင့်လဲဆိုရင် တိုင်းပြည် အာဏာသိမ်းလိုက်တဲ့အချိန်မှာ အားလုံးက ဖြစ်သွားကြတာ ဖရိုဖရဲလေ။ အဲ့တော့ ကိုယ့်နိုင်ငံကို နေချင်တောင်မှ ပြည်ပကိုထွက်နေရတယ်၊ ပြည်ပမှာ ပျော်လည်းနေ မပျော်လည်းနေပေါ့”

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ်တွေကို ပြည်ပထွက်ခွင့် တင်းကျပ်လိုက်တာကြောင့် တရားမဝင်လမ်းကြောင်းကနေ မလေးရှားနိုင်ငံကို ထွက်ခွာလာတာလို့ သူက RFA ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေးကျဆင်းမှု၊ စားဝတ်နေရေးကျပ်တည်းမှုနဲ့ စစ်မှုထမ်းဥပဒေထုတ်ပြီး တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်အများအပြား ပြည်ပကို ထွက်ခွာသွားကြတာလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ပြည်ပမထွက်နိုင်လို့ ပြည်တွင်းမှာ ဆက်လက်လုပ်ကိုင်နေသူတွေလည်း အလုပ်သမားအခွင့်အရေး အကြီးအကျယ်ချိုးဖောက်ခံနေရတယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာက အထည်ချုပ်လုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“ဥပဒေပါအခွင့်အရေးတွေမရဘူး၊ အလုပ်သမားတွေရဲ့ ကျန်းမာရေး မီးဖွားခွင့်တွေဘာတွေက အခက်အခဲတွေဖြစ်တယ်။ ပြီးရင် ဗိုက်ကြီးသည်တွေဆိုရင် အလုပ်ထုတ်တာမျိုးတွေ လုပ်တယ်။ အခုခေတ်က အလုပ်သမားအခွင့်အရေးနည်းပါးပြီး အလုပ်ထုတ်မှုတွေလည်း များတယ်ရှင့်။ ပြီးတော့ အချိန်ပို အရမ်းဆင်းခိုင်းတာမျိုးတွေ ရှိတယ်။ အချိန်မတော်ဆင်းရတယ်၊ မဆင်းရင် အလုပ်ထုတ်မယ်လို့ လက်မှတ်ထိုးရမှာတို့ ဘာတို့ရှိတယ်”

အလုပ်သမားနေ့ဟာလည်း အရင်လို ပျော်စရာမကောင်းတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

“ဒီနေ့ အလုပ်သမားနေ့ စိတ်ထဲမှာ မကောင်းဘူးပေါ့နော်။ မိုးလင်းထဲက ကျွန်မလည်း လိုင်းပေါ်မှာ ကြည့်တယ်။ အရင်တုန်းက ကျွန်မတို့ရဲ့ အလုပ်သမားနေ့က ပျော်ရွှင်စရာကောင်းတယ်လေ။ အခု ကျွန်မတို့ ဒီနောက်ပိုင်း အလုပ်သမားနေ့က ပျော်ရွှင်စရာမကောင်းတော့ဘူး။ ဒီနေ့အလုပ်သမားနေ့မှာ တစ်ချို့အလုပ်သမားတွေ အလုပ်ဆင်းရသူတွေရှိတယ်။ တစ်နေ့ ကျွန်မတို့ အရင်တုန်းကလိုပုံစံမျိုးလေးပဲ ပြန်ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်”

စစ်အာဏာမသိမ်းခင်ကထက် အခြေခံစားသောက် ကုန်စျေးနှုန်းတွေ သုံးဆနီးပါး မြင့်တက်လာပေမဲ့ သူတို့ဟာ တစ်ရက် အနိမ့်ဆုံးလုပ်အားခ ၅၈၀၀ ကျပ်ပဲရရှိတာကြောင့် ခက်ခက်ခဲခဲ ရပ်တည်နေရတယ်လို့ အထည်ချုပ်အလုပ် သမားတွေက ပြောပါတယ်။

တစ်ရက်လုပ်အားခ ကျပ်နှစ်သောင်းသတ်မှတ်ပေးရန် ၂၀၂၅ ခုနှစ် မေလ ၁ရက်တွင် အထည်ချုပ်အလုပ်သမားတစ်ဦး ဆန္ဒပြစဉ်။ (FGWM)
တစ်ရက်လုပ်အားခ ကျပ်နှစ်သောင်းသတ်မှတ်ပေးရန် ၂၀၂၅ ခုနှစ် မေလ ၁ရက်တွင် အထည်ချုပ်အလုပ်သမားတစ်ဦး ဆန္ဒပြစဉ်။ (FGWM)

အခြေခံလုပ်ခကို တစ်ရက် ကျပ်နှစ်သောင်းအထိတိုးမြှင့်ပေးဖို့ အလုပ်သမားတွေက လိုလားပေမဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဖြစ်လာဖို့မရှိဘူးလို့လည်း အထည်ချုပ်အလုပ်သမားတွေက ပြောပါတယ်။

မန္တလေးမြို့ အခြေစိုက် ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ငွေကြေးဖောင်းပွမှုကြောင့် စျေးနှုန်းတွေထိုးတတ်လာပေမဲ့ အမြတ်ငွေတိုးလာတာမျိုးမဟုတ်တဲ့အတွက် အခြေခံလုပ်ခလစာကို တစ်ရက် နှစ်သောင်းကျပ် သတ်မှတ်ဖို့ ခက်ခဲတယ်လို့ RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ အကာအကွယ်မဲ့နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“ပြောရမယ်ဆိုရင် တကယ်ကို မြန်မာနိုင်ငံထဲမှာရှိတဲ့ အလုပ်သမားတွေ၊ လယ်သမားတွေက အကာအကွယ်မဲ့နေတဲ့ အခြေအနေဖြစ်တယ်။ အဲ့တော့ အလုပ်သမားနေ့ဆိုတာက ကျွန်မတို့ အလုပ်သမားတွေရဲ့ အောင်ပွဲနေ့ ဖြစ်တယ်။ အုပ်ချုပ်သူ လူတန်းစားတွေက ဖိနှိပ်၊ နှိပ်ကွပ်တဲ့ဟာတွေကို ကျွန်မတို့ အလုပ်သမားတွေရဲ့ အခွင့်အရေး တစ်နေ့အလုပ်ချိန် ရှစ်နာရီ၊ အစရှိသဖြင့် ဒါတွေကို ပြန်ပြီးတော့ တွန်းလှန်၊ တော်လှန် တိုက်ခိုက်ခဲ့တဲ့နေ့ အောင်ပွဲရတဲ့နေဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ အခြေအနေမှာတော့ ကျွန်မတို့က ဒီအသီးအပွင့်တွေကို မခံစားနိုင်တော့တဲ့ အနေအထားဖြစ်တယ်”

လွတ်လပ်စွာထုတ်ဖော်ခွင့်၊ စုဝေးစည်းရုံးခွင့်၊ အသင်းဖွဲ့စည်းခွင့်၊ နိုင်ငံသားတစ်ဦးရဲ့ လွတ်လပ်ခွင့်တွေကို နည်းလမ်းမျိုးစုံနဲ့ စစ်ကောင်စီက နှိပ်ကွပ်ထားတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက မေလ ၁ ရက်မှာ ကြေညာချက်တွေ ပြန်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)ရဲ့ ပြဌာန်းချက်တွေကို လိုက်နာအကောင်အထည်ဖော်နေသလို အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ပေးနေတဲ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမား အဖွဲ့အစည်းတွေကိုလည်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဆက်နွှယ်သော သတင်းများ

ILO ဆုံးဖြတ်ချက် စစ်ကောင်စီကို အထိနာနိုင်

စစ်ကောင်စီကို အရေးယူဖို့ ILO ကို တော်လှန်ရေးအင်အားစုတွေ တောင်းဆို

ပြည်ပ အလုပ်သမား စေလွှတ်မဲ့အရေအတွက် စစ်ကောင်စီ ကန့်သတ်

ဒါပေမဲ့ မြန်မာနိုင်ငံဟာ ILO မှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အဓမ္မခိုင်းစေမှုပပျောက်ရေးနဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ပြဌာန်းချက်တွေကို မလိုက်နာတဲ့အတွက် စစ်ကောင်စီကိုအရေးယူဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာက ကျင်းပခဲ့တဲ့ ILO အုပ်ချုပ်မှုကော်မတီ အစည်းအဝေးက အတည်ပြုထားပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် ဇွန်မှာကျင်းပမဲ့ ILO ညီလာခံကနေ အတည်ပြုမှာ ဖြစ်တာကြောင့် စစ်ကောင်စီကို နိုင်ငံတကာ အလုပ်သမား စံနှုန်းတွေကို မလိုက်နာမှု ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက တောင်းဆိုနေပါတယ်။

ပုဒ်မ ၃၃ နဲ့ အရေးယူမှုဟာ နိုင်ငံတကာ အလုပ်သမား စံနှုန်းတွေကို လုံးဝမလိုက်နာတဲ့ အခြေအနေမှာသာ အသုံးပြုတာဖြစ်ပြီး ILO က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို အရေးယူခဲ့သလို ၂၀၂၃ ခုနှစ်မှာ ဘီလာရုဇ် (Belarus) နိုင်ငံကို အရေးယူခဲ့ပါတယ်။

ILO မှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက ILO က မြန်မာနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ပြီး စစ်ကောင်စီကို နည်းပညာအရရော ငွေကြေးအရပါ ကူညီပံ့ပိုးမှု ရပ်ဆိုင်းထားပါတယ်။