ကေအိုင်စီ

ကေအိုင်စီ

၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၅ နာရီ က သတင်း
KNLA သုးက့-၄ ခိးခးပယီၤသုးကျိၤဒီးမၤန့ၢ်တၢ်စုကဝဲၤဒီးကျိချံပှၥ်သၣ်အါအါဂီၢ်ဂီၢ်
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၅ နာရီ က သတင်း
ဖၣ်အၣ်ကီၢ်ဆၣ်ပူၤ လၢကတ့ထီၣ်သီခါဖၠၣ်အဂီၢ် တၢ်ထၢစ့ဟံၣ်တဖျၢၣ်(၇၀၀,၀၀၀)ကၠးလၢသဝီ ၇ ဖျၢၣ်ပူၤ
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၅ နာရီ က သတင်း
ရၤမတံဝ့ၢ် လၢအပၣ်ဃုၥ်လၢပယီၤသုးကရူၢ်တၢ်ဃုထၢအကူၥ်-၁ပူၤ တၢ်အိၣ်သး
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၀ နာရီ က သတင်း
စစ်ရိပ်သန်းနေတဲ့ မြဝတီမြို့ ရွေးကောက်ပွဲအလားအလာ
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၀ နာရီ က သတင်း
သံတောင်ကြီးတွင် မိုးကြီးမြေပြိုပြီး ပျက်သွားသည့် လမ်းတံတားတချို့ကို ကိုယ်ထူကိုယ်ထ ပြင်ဆင်
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၂ နာရီ က သတင်း
နစက အမည်ပြောင်း စစ်ကော်မရှင်ကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၅ နာရီ က သတင်း
ရေး မြောက်ပိုင်းတွင် တော်လှန်ရေးတပ်များနှင့် စစ်တပ်စစ်ကြောင်း တိုက်ပွဲဖြစ်ပွား
၂၀ သြဂုတ် ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
တရုတ်ကျားဖြန့်ခေါင်းဆောင် ၁၄ ဦး အပါအဝင် တရုတ်နိုင်ငံသား ၉၄ ဦးကို BGF ထပ်မံလွှဲပြောင်း
၂၀ သြဂုတ် ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
မူးယစ်ဆေးဝါးအတူတကွ ကာကွယ်တားဆီးဖို့ ထိုင်းအာဏာပိုင်နဲ့ DKBA တွေ့ဆုံဆွေးနွေး
၂၀ သြဂုတ် ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
KNU stated that KTLA controlling the gas pipeline does not align with reality
ကေအိုင်စီ

ကေအိုင်စီ via Myan.News

ရေး မြောက်ပိုင်းတွင် တော်လှန်ရေးတပ်များနှင့် စစ်တပ်စစ်ကြောင်း တိုက်ပွဲဖြစ်ပွား

၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၅ နာရီ က သတင်း

ဩဂုတ်၂၁ ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးတွင် မွန်ပြည်တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်တို့ ဩဂုတ် ၂၀ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မွန်ပြည် တော်လှန်ရေးတပ်(MSRF)က ပြောသည်။

အဆိုပါ ကျေးရွာအနီးသို့ အာဏာသိမ်းစစ်တပ် ခြေမြန်တပ်ရင်း (ခမရ-၅၈၈)၊ ခြေလျင်တပ်ရင်း(ခလရ-၁၀၆)၊ အမြောက်တပ်(အမတ-၃၁၇)တပ်ရင်းများမှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဩဂုတ် ၂၀ ရက်နေ့တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ယခုလို ပြောသည်။

“မနေ့က နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ စစ်ကြောင်းထိုးလာတဲ့ ရန်သူ့အင်အားက ခန့်မှန်း ၁၅၀ ဝန်းကျင် ရှိပါတယ်။ တိုက်ပွဲအတွင်းမှာ စကစ ဘက်က သေဆုံးတာကိုတော့ မျက်မြင်အတည်ပြု နိုင်ခဲ့တာ ဖြစ်တယ်။ နောက်ထပ် ထိခိုက်သေဆုံးတာတွေကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နံနက်ပိုင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ တစ်ဦး သေဆုံးသွားပြီး ညနေပိုင်း ဒုတိယအကြိမ် တိုက်ပွဲတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၂၇)၊ တပ်ခွဲ(၁)မှ ရဲဘော်တစ် ဦးကျဆုံးခဲ့သည်ဟု တိုက်ပွဲ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်များ ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ ကာကွယ်ရေးတပ်(YPDF)၊ ရာမညမွန်တပ်တော်(RMA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တပ်ရင်း (၂၇)၊ တပ်ခွဲ(၁)တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ကျေးရွာအတွင်းရှိ ဒေသခံအနည်းစုသည် ဘေးကင်းရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်အများစုသည် ကျေးရွာအတွင်း ကျန်ရှိနေသေးသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။