ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်)

၂၂ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
KT-FM ကရင်နီဘာသာ အစီအစဉ် သြဂုတ်လ (၂၂) ရက်၊ ၂၀၂၅ ခုနှစ် (သောကြာနေ့)
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၄ နာရီ က သတင်း
KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ  (၂၁) ရက်၊ (ကြာသပတေးနေ့)
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၆ နာရီ က သတင်း
“နယ်စပ်ဒုက္ခသည်တွေအတွက် အပြောင်းအလဲ”
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၁၆ နာရီ က သတင်း
ဩဂုတ်လ ၂၁ ရက်နေ့အတွက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းသတင်း
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
လူထုကို ကိုယ်စားမပြုတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ကယန်းအမျိုးသားတပ်မတော် ပြော
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ( ၁) မှာ ကရင်နီက လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲ မြို့ နယ် ပါဝင်
၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
KT-FM ကရင်နီဘာသာ အစီအစဉ် သြဂုတ်လ (၂၁) ရက်၊ ၂၀၂၅ ခုနှစ် (ကြာသပတေးနေ့)
၂၀ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်၊ (ဗုဒ္ဓဟူးနေ့)
၂၀ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ဩဂုတ်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့ ညနေခင်းရုပ်သံသတင်း အစီအစဉ်
၂၀ သြဂုတ် ၂၀၂၅လွန်ခဲ့သော ၂ ရက် က သတင်း
ဆီဆိုင်မြို့နယ်အတွင်းက ‌တပူထိုးကျေးရွာကို စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ် ထပ်မံ မီးရှို့
ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်) via Myan.News

စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ( ၁) မှာ ကရင်နီက လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲ မြို့ နယ် ပါဝင်

၂၁ သြဂုတ် ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း

ကန္တာရဝတီတိုင်း(မ်)

စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အပိုင်း ၁ မှာ ကရင်နီပြည် လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲ မြို့နယ် ပါဝင်ပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း ဆိုတဲ့ ကြေညာချက်နဲ့ စစ်ကော်မရှင်က ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာပါ။

ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ တနိုင်ငံလုံးက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ကို ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကို လာမဲ့ ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တို့မှာ လေးပိုင်းခွဲ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ဦးဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

စစ်ကော်မရှင်က ကရင်နီပြည်ရှိ တော်လှန်ရေးတပ်တွေ အလုံးစုံ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ်နဲ့ ရှားတော(ဆိုမိုဖေစိုးလေး) မြို့နယ် အပါအဝင် မြို့နယ် ၇ ခုကို ရွေးကောက်ပွဲပြုလုပ်မယ့် မဲဆန္ဒနယ်တွေအဖြစ် သြဂုတ်လ ၁၅ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတော မြို့နယ် စတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

အခုလို တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေကိုပါ မဲဆန္ဒနယ်အဖြစ်ကြေညာလိုက်တာဟာ စစ်ကော်မရှင်က ရွေးကောက်ပွဲကို နိုင်ငံတကာကိုယ်စားပြုမှုအပြင် အခြား တိုင်း၊ ဒေသက လူထုတွေကို လှည့်ဖျားလိုတဲ့ နည်းဗျူဟာတစ်ခုဖြစ်နိုင်တယ်လို့လဲ IEC က ပြောထားပါတယ်။

လက်ရှိမှာတော့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေပြုလုပ်နေပြီး ဒါဟာ လာမယ့်ရွေးကောက်ပွဲအတွက် စစ်ကောင်စီရဲ့ နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

ကယန်းအမျိုးသားတပ်မတော် KNA ကလဲ စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ် ကျုးလွန်ပြီး ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ နိုင်ငံအနှံ နေ့စဉ်ရက်ဆက် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးစေရေးအတွက်သာဖြစ်တယ် ဆိုတဲ့အချက်အပါအဝင် အချက်လေးချက် နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မနေ့က ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

The post စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ( ၁) မှာ ကရင်နီက လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲ မြို့ နယ် ပါဝင် first appeared on Kantarawaddy Times.