KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်၊ (ကြာသပတေးနေ့)
KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်၊ (ကြာသပတေးနေ့)
– ဆီဆိုင်မြို့နယ်အတွင်းက တပူထိုးကျေးရွာကို စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ် ထပ်မံ မီးရှို့
– လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ အိမ်ခြေ (၁၅၀) ဝန်းကျင် ရိက္ခာ ပြတ်လပ်နေ
– ဒီးမော့ဆိုမြို့နယ် တနေရာမှာ ၃ လတာ စက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်
– စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ( ၁) မှာ ကရင်နီက လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲ မြို့ နယ် ပါဝင်
– လူထုကို ကိုယ်စားမပြုတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ကယန်းအမျိုးသားတပ်မတော် ပြော
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ စစ်ပူကာလမှာ တောင်သူတွေ ပြင်ဆင်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေနဲ့ ပါတ်သက်ပြီး (IEC) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာန၊ ဌာနမှူးကြီး – ခူးတူရယ်နှင့် တွေ့ဆုံမေးမြန်းခြင်း”ကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။
The post KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်၊ (ကြာသပတေးနေ့) first appeared on Kantarawaddy Times.