မြန်မာအသံ

မြန်မာအသံ

၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
ဝိုင်းမော် လုမြန်ဘက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
မကွေးမှာ ထောက်ပို့တပ် ဆီဘောက်ဆာကားနဲ့ လိုက်ထရပ် တိုက်မိပြီး ဒုတပ်ကြပ် အပါဝင် ငါးယောက်သေဆုံးကာ လေးယောက်ဒဏ်ရာရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော ၂ နာရီ က သတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ Starlink ဂြိုဟ်တုအင်တာနက် ၂၅၀၀ ကျော် ပိတ်သိမ်းခံရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဆိုင်သိမ်းပြီး ပြန်လာတဲ့ကား လမ်းဘေးဓာတ်တိုင် ဝင်တိုက်လို့ ၁၅ ယောက်ဒဏ်ရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ရန်ကုန်မှာ မီးလောင်မှု သုံးကြိမ်ဖြစ်ပွားပြီး တယောက် သေဆုံး
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အလုပ်သမားရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့STUM မှဒေါ်မျိုးမျိုးအေးတို့အပါအဝင် လေးယောက် ထောင်ကပြန်လွတ်လာ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဂျပန်ရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် တာကာအိချိ ရွေးချယ်ခံရ
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၀)
၂၂ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ပစ္စည်းခိုးတယ်ဆိုကာ အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီး ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်မှု ပါဝင်သူအားလုံးကို ရဲစခန်းမှာ စစ်ဆေးနေ
၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
ဖျာပုံမှာ ဆန်စက်ဘွိုင်လာ ပေါက်ကွဲလို့ တယောက်သေ ၊လေးယောက်ဒဏ်ရာရ
မြန်မာအသံ

မြန်မာအသံ via Myan.News

ဖျာပုံမှာ ဆန်စက်ဘွိုင်လာ ပေါက်ကွဲလို့ တယောက်သေ ၊လေးယောက်ဒဏ်ရာရ

၂၁ အောက်တိုဘာ ၂၀၂၅လွန်ခဲ့သော တစ်ရက် က သတင်း
အောက်တိုဘာ ၂၁ ၊ ၂၀၂၅ GG (VOM) ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအုပ်စုရှိ ဆန်စက်မှာ ဒီနေ့အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဘွိုင်လာအိုးပေါက်ကွဲပြီး အမျိုးသား တယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ မနက် ၁၁ နာရီကျော်လောက်မှာ ဆန်စက်ရှိ ဘွိုင်လာအိုးပျက်နေတာကို ပြုပြင်နေချိန်မှာ ဘွိုင်လာအိုးပေါက်ကွဲပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ကြောင်း ၊ပေါက်ကွဲမှုမှာသေဆုံးသူက ဘွိုင်လာအိုးလာရောက်ပြုပြင်တဲ့အမျိုးသားဖြစ်တယ်လို့သိရပါတယ်။ “ဘွိုင်လာပျက်နေတာကို ပြင်နေတာ။ပြင်ပြီးတော့ မီးထိုးစမ်းတာကနေ မီးပေါင်တအားတက်ပြီး ဘွိုင်လာအိုးကပေါက်ကွဲသွားတာပေါ့။သေတာကတော့ ဘွိုင်လာလာပြင်သူပါ။သူကပဲ​လာပြင်တော့ အနားမှာသူပဲရှိတာ။” လို့ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးရုံးမှ တာဝန်ကျမီးသတ်တပ်ဖွဲ့ဝင်ကပြောပါတယ်။ လက်ရှိမှာ သေဆုံးသူအမျိုးသားနဲ့ ထိခိုက်ဒဏ်ရာရသူ အမျိုးသားသုံးယောက်၊အမျိုးသမီးတယောက်ကို ဖျာပုံဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ဆန်စက်က ဖြစ်တယ်လို့သိရပါတယ် ။ “ဒဏ်ရာရလေးယောက်က အပေါ်ယံ အရေပြားဒဏ်ရာရတာပေါ့။ဆန်စက်ကလို့ကြားတယ်။ဆေးရုံပို့ထားပါတယ်။” လို့ မြေပြင် ကယ်ဆယ်ရေးလမ်းကြောင်းသွားခဲ့တဲ့ ဖျာပုံမြို့ ၊ပဲ့တင်သံပရဟိတအသင်းမှ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာ ဆန်စက် ပေါက်ကွဲမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး…