ပစ္စည်းခိုးတယ်ဆိုကာ အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီး ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်မှု ပါဝင်သူအားလုံးကို ရဲစခန်းမှာ စစ်ဆေးနေ
အောက်တိုဘာ ၂၁ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ လှိုင်ယာသာမြို့နယ်ရှိ အထည်ဆိုင်တဆိုင်မှာ ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲခံရပြီး ကလေးချီထားတဲ့ အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီး ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ခဲ့တဲ့ ဖြစ်စဉ်မှ ပါဝင်ပတ်သက်သူ အကုန်လုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ “လက်ရှိက ဆိုင်ရှင်မိသားစုရယ်၊ ခိုးတယ်လို့ အစွပ်စွဲခံရတဲ့ မိသားစုရယ်က လှိုင်သာယာ ရဲစခန်းမှာပါ။ ပြဿနာတွေ ဖြေရှင်းနေတုန်းပါ။ အထည်ဆိုင်ဘက်က ဆိုင်ရှင်ရော၊ ကြိုးတုပ်သူနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်သူ အကုန်လုံး ပါပါတယ်။ ဒီမနက်ကပဲ ခေါ်အမေးခံနေရတာပါ” လို့ သူက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး TikTok လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အရ ပစ္စည်းခိုးတယ်လို့ စွပ်စွဲတဲ့ ဆိုင်ရှင်ဆိုသူ အမျိုးသမီးတယောက်က…