အလုပ်သမားရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့STUM မှဒေါ်မျိုးမျိုးအေးတို့အပါအဝင် လေးယောက် ထောင်ကပြန်လွတ်လာ
အောက်တိုဘာ ၂၁ ၊၂၀၂၅ GG (VOM) အလှုပ်သမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင် နဲ့ ဒေါ်မျိုးမျိုးအေးတို့ အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူ လေးယောက် မနေ့က အောက်တိုဘာ ၂၀ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက် လာပြီလို့သိရပါတယ်။ လက်ရှိ စွဲဆိုထားတဲ့ အမှုအားလုံးကို အထူးအမိန့်နဲ့ရုတ်သိမ်းပြီး ထောင်ကနေလွှတ်ပေးလိုက်တာ ဖြစ်ကြောင်း ၊ နှစ်ယောက်လုံး မနေ့က ညပိုင်းကတည်းက နေအိမ်ကိုပြန်လည်ရောက်ရှိပြီဖြစ် ကြောင်းသိရပါတယ်။ ကိုသက်နှင်းအောင်က မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပြီး ထောင်ကနေ လွတ်မြောက်ပြီး ပြန်လည်ရောက်ရှိလာကြောင်းကို MICS-TUsF ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်မျိုးမျိုးအေးကတော့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဦးဆောင်သူ ဒါရိုက်တာဖြစ်ပြီး ထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး နေအိမ်ရောက်ရှိကြောင်းကို…