ရွှေဝါရောင် ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက အမှု ၂ မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ခံထားရတဲ့ ဆရာတော်ကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေနဲ့ စွဲချက်တင်လိုက်တာပါ။