
မန္တလေးတိုင်း၊ မြင်းခြံမြို့နှင့် ၇ မိုင်အကွာရှိ ကန်ဆင့်ရွာကို လေတပ်က ယမန်နေ့ (မေ ၁၉) တွင် ဗုံးကြဲရာ အမျိုးသမီး ၃ ဦး သေဆုံး၊ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ပွဲချင်းပြီး သေဆုံးသူ ၂ ဦးရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ “မနေ့က ၁၂ နာရီခွဲ ဝန်းကျင်မှာ ဗုံးလာကြဲသွားတာ။ လက်ရှိ သေဆုံးသူ ၃ ဦး ရှိပြီးတော့ ပြင်းထန်ဒဏ်ရာ ရတာ ၂ ဦး ရှိတယ်။ ကြဲတဲ့အချိန်မှာ ၂ ယောက်သေပြီးတော့ နောက်ပြီးမှ ၁ …